ညောင်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ ရုံးနေရာအသုံးပြုထားခြင်းအတွက် တောင်သူများလက်ဝယ်သို့ မြေယာလျော်ကြေးငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ ရုံးနေရာအသုံးပြုထားခြင်းအတွက် တောင်သူများလက်ဝယ်သို့ မြေယာလျော်ကြေးငွေပေးအပ်

 


MNP - ဩဂုတ်    ၃၀


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးဌာန အသုံးပြုထားခြင်းအတွက်၊ ညောင်ဦးမြို့နယ် တောင်သူများလက်ဝယ်သို့ မြေယာလျော်ကြေးငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ညောင်ဦးမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌရုံးခန်း၌ မြေယာလျော်ကြေးငွေ ပေးအပ်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။


မြေယာလျော်ကြေးငွေ ပေးအပ်ပွဲအခမ်းအနားသို့ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့၊ ညောင်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ တက်ရောက်ကြပြီး အသုံးပြုထားမြေနေရာသည် ကုန်းတန်းကြီးကျေးရွာ အုပ်စု၊ သန့်စင်ကြယ်ကျေးရွာ၊ ကွင်းအမှတ် (၁၅၃၃)၊ တောင်ရှေ့ကွင်း၊ ဦးပိုင်အမှတ် (၂၃/၂) မြေဧက (၁.၇၁၈) မြေဧကအတွင်းမှ ဦးလှရွှေပိုင်ဆိုင်သောမြေ ကျပ်(၄၂,၆၂၅,၀၀၀/-) တိတိလျော် ကြေးပေးအပ်ခြင်း၊ ဦးတင်ကြည်ပိုင်ဆိုင်သော မြေ(ဝ.၄၁၈)ဧက၊ ကွင်းအမှတ် (၁၅၃၃)၊ တောင်ရှေ့ကွင်း၊ ဦးပိုင်အမှတ် (၂၃/၁) အတွက် မြေယာလျော်ကြေးငွေကျပ် (၅,၂၂၅,၀၀၀/-) တိတိပေးလျော်ခြင်း၊ ဦးမောင်ရင်ပိုင်ဆိုင်သော မြေ (ဝ.၆၁၈) ဧက၊ ကွင်းအမှတ် (၁၅၃၃)၊ တောင်ရှေ့ကွင်း၊ ဦးပိုင်အမှတ် (၂၃/၃) အတွက် မြေယာလျော်ကြေးငွေကျပ် (၇,၇၂၅,၀၀၀/-) တိတိအား ညောင်ဦးမြို့နယ် စီပင်သာယာရေးအဖွဲ့မှ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက သတ်မှတ်ပေးထားသည့် မြေယာလျော်ကြေးများကို အသိသက်သေများရှေ့မှောက်တွင် မြေယာလျော်ကြေးပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - ကိုကြေးမုံ               


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)