ပန်လုံမြို့၌ ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်လုံမြို့၌ ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးနှံပေး



MNP - ဩဂုတ်   ၃၀


 “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်က ပန်လုံမြို့၊တိုက်နယ်ဆေးရုံတွင် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ အသက်(၅)နှစ်မှ အသက်(၉)နှစ်ထိ ကလေးငယ်များအား ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးခဲ့ပါသည်။


 အဆိုပါ ကာကွယ်ဆေးထိုးလုပ်ငန်းကို မြို့အုပ်ချုပ်ရေးမှူးဦးအာကာထွန်းသိန်းက အနီးကပ် ကြီးကြပ်၍ ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ဆရာ/ဆရာမများက ကာကွယ်ဆေးထိုးမည့် ကလေးအမည်စာရင်းသွင်းခြင်းတို့ ဆောင်ရွက်ပြီး ဆေးမထိုးမီ အာဟာရဖြည့်အချိုရည်တိုက်ကျွေးခြင်းနှင့် ချိုချဉ်များကို ဖြန့်ဝေပေးခဲ့ပါသည်။


ပန်လုံမြို့ရှိ အသက်(၅)နှစ်မှ (၉)နှစ်အထိ က‌လေးငယ်(၄၀၀)ဦးတို့ကို ဂျပန်ဦးနှောက် ရောင်ရောဂါကာကွယ်ဆေး ထိုးပေးနိုင်ခဲ့ကြောင်း မြို့အုပ်ချုပ်ရေးမှူးထံမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)