MNP - ဩဂုတ် ၁၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နန်းမြင့်သီတာမှ အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ လှူဒါန်းသောအလှူငွေ (၁၈၃၅၂၀၀) ကျပ်တိတိကို မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့သို့ ပေးအပ်လှူဒါန်းသည်။
ထို့နောက် ဒေါ်နန်းမြင့်သီတာမှ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့သို့ ဝတ်စုံစရိတ်များ ပေးအပ်ပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ရုံး တည်ဆောက်ပြုပြင်ရန်အတွက် လှူဒါန်းထားရှိသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။ ရုံးတည်ဆောက်ပြုပြင်ရန်အတွက် မြို့နယ်ဌာနဆိုင်ရာများမှ အလှူငွေ (၁၂)သိန်းကျပ်၊ ငွေမိုး စိန်ရွှေရတနာဆိုင်မှ အလှူငွေ (၅) သိန်းကျပ်နှင့် နိုင်ဇာသောက်ရေသန့်မှ အလှူငွေ (၁)သိန်းကျပ်တို့ကို ပေးအပ်လှူဒါန်းထားကြောင်း သိရသည်။
အလားတူ အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့မှ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ရုံး တည်ဆောက်ပြုပြင်ရေး ကိစ္စဆောင်ရွက်နိုင်ရေးအတွက် မြို့မိမြို့ဖများနှင့်တွေ့ဆုံကာ ပေါင်းစပ် ညှိုနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်း - အောင်သူ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment