ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသ မဟာဗောဓိဘုရားကြီးအား လာရောက်ဖူးမြော်လေ့လာနိုင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသ မဟာဗောဓိဘုရားကြီးအား လာရောက်ဖူးမြော်လေ့လာနိုင်

 


MNP - ဩဂုတ်   ၁၁


ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဒေသ ပုဂံမြို့ဟောင်းရှိ မဟာဗောဓိဘုရားကြီးအား လာရောက်လေ့လာဖူးမြှော်နိုင်ပြီး ပုရားကြီးဗိသု ကာလက်ရာ၊ အင်းဝခေတ်နံရံဆေးရေးမင်စာများနှင့် ဘုရားကြီးတည်ဆောက်ထားပုံများကို လာရောက်လေ့လာနိုင်ကြောင်း မဟာဗောဓိဘုရား ဂေါပက အဖွဲ့ထံကသိရသည်။


ပုဂံမြို့ဟောင်းရှိ မဟာဗောဓိဘုရားကြီးကို ခရစ်နှစ် ၁၂၁၅ ခုနှစ်တွင် နားတောင်းများမင်းကြီး တည်ထားကိုးကွယ်ခဲ့ကြောင်း၊ ဗုဒ္ဓဘုရား ရှင်ပွင့်တော်မူရာ ဗုဒ္ဓဂယာရှိ မဟာဗောဓိ စေတီတော်၏ ပုံစံ ကိုယူကာ တည်ဆောက်ခဲ့သည်ဟု ယူဆရပြီး အောက်ခြေပုံသဏ္ဍန်မှာ မနိမ့်မမြင့်ခံပြီး အထက်ပိုင်းတွင် ပိရမစ်ပုံ အထက်သို့ရှူးတက်သည့် အနေအထား တည်ဆောက်ထားသည်။ မုခ်ဝလှိုင်ဂူအတွင်း ရှိ ဆင်းတုတော်ကြီးမှာ ပြုပြင်ပြီး နောက်ပိုင်း လက်ရာဖြစ်ကြောင်း သိရသည်။ အပေါ်ထပ်သို့တက်ရန် လှေကားတစ်ခုရှိပြီး အပေါ်ထပ်မုခ်ခုံး အရှေ့ဘက်နံရံ၌ အင်းဝခေတ်တွင် ရေးထိုးထားသည့် နံရံမင်စာများကိုလည်း တွေ့ရသည်။  


မဟာဗောဓိဘုရားကြီးသည် နှစ်ထပ် အဆောက်အအုံပုံစံဖြစ်ပြီး အမြင့်ပေ ၂၄၀ ရှိသည်။ မဟာဗောဓိ ဘုရားကြီး၏ အရပ်လေးမျက်နှာထောင့်တိုင်းတွင် စေတီပုံစံငယ်များ တည်ထားပါရှိပြီး စေတီတော်ခြေရင်းနှင့် အထက်အမြင့်ပိုင်းနှစ်ခုလုံးတွင် နံရံမုခ်ကပ်ငယ်များစွာပါရှိကာ ကွဲပြားခြားနားသော ကိုယ်ဟန်အနေအထား အမျိုးမျိုးဖြင့် ဗုဒ္ဓဆင်းတုတော် ၆၄၅ ဆူအား ပူဇော်ထားရှိကြောင်း မဟာ ဗောဓိဘုရားကြီးဂေါပကအဖွဲ့ထံကသိရပါတယ်။


ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေဘုရားဖူးရောက်ရှိခဲ့ပါက မဟာဗောဓိဘုရားကြီးသို့ လာရောက်လေ့လာဖူးမြှော်နိုင်ကြောင်း၊ ပုရားကြီး၏ မြောက်ဘက်တွင် ပုဂံယွန်းပညာကောလိပ်၊ အနောက်ဘက်တွင် ဗူးဘုရား၊ တောင်ဘက်တွင် အနော်ရထာမင်းကြီးနှင့်ကျန်စစ်မင်းကြီးတို့၏ အောင်မြေသာနန်းတော်ရာ၊ အရှေ့ဘက်တွင် သတင်းအချက်အလက်ပြန်ကြားရေးစင်တာ ဘုတ်ကျောင်းတို့ တည်ရှိကြောင်း သိရသည်။


သတင်း - ကိုကြေးမုံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)