MNP ၊ ဩဂုတ် ၉
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ ကျောင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှားမှု အထိမ်းအမှတ် အသီးစုံဟင်းချက်ပြိုင်ပွဲ ကိုယနေ့နံနက်ပိုင်းက အထက ဇင်းကျိုက်ကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။
မွန်ပြည်နယ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ်၊ သီးစုံဟင်းချက်ပြိုင်ပွဲတွင် ပေါင်မြို့နယ် ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် အထက ဇင်းကျိုက် ကျောင်းသား၊ သူများ လေ့ကျင့်ပြင်ဆင်နေမှုကို မြို့နယ်ပညာရေးမှူးဒေါ်စန်းစန်းအေးနှင့် မြို့နယ်ကျန်းမာရေးမှဆရာမကြီးဒေါ်ချိုချိုလွင်တို့မှ လာရောက်အားပေးကြည့်ရှုအားပေးခဲ့သည်။
သီးစုံပြိုင်ကျင်းပခြင်းဖြင့် သန့်ရှင်းသပ်ရပ်သော အချက်အပြုတ်ကောင်းများ ပေါ်ထွက်လာစေရေးနှင့် ကျန်းမာရေးညီညွတ်မှုရှိစေရန် အလေ့အကျင့်ကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်ကြောင်းသိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost
No comments:
Post a Comment