MNP - ဩဂုတ် ၂၆
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် ပြည်နယ်ဝန်ကြီးများသည် ယမန်နေ့နံနက်ပိုင်းက ဆင်ဖြူပရိယတ္တိစာသင်တိုက်တွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ ရှေးဦးစွာဆင်ဖြူကျောင်း ပရိယတ္တိ စာသင်တိုက်၏ ဦးစီးပဓါနနာယက ဆရာတော် (ဒွိပိဋဓရ) အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တခေမာစာရ ဆရာတော်ကြီးထံ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး သတင်းသုံးနေထိုင်တော်မူသော သံဃာတော် (၉၆၀) ပါးအတွက် ကျန်းမာရေး သုံးပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ သံဃာတော်များ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေခြင်းကို အားပေးကြည့်ရှုခဲ့သည်။
ထို့နောက် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်များ ဆောင်ရွက်နိုင်ရေး အလှူငွေပေးအပ်ရာ ပြည်နယ် ဝန်ကြီးချုပ်က သဘာဝဘေးအန္တရာယ်ဆိုသည်မှာ ကြိုတင်မှန်းဆ၍မရနိုင်ဘဲ အချိန်မရွေး ဖြစ်ပေါ်လာနိုင်သည့်အတွက် ကြိုတင်ကာကွယ်ရေးနှင့် ကယ်ဆယ်ကူညီထောက်ပံ့ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဖြစ်ပွားလာပါကအချိန်မီ ကယ်ဆယ်ရေးနှင့် ပြန်လည်နေချထားရေးဆိုင်ရာ လုပ်ငန်းများအတွက် ယခုလို ပေးအပ်လှူဒါန်းမှုအပေါ် ကျေးဇူး တင်ဝမ်းမြောက် မိပါကြောင်းပြောကြား ကာအလှူရှင် ဦးမြင့်ဇော်ဦးနှင့် ဒေါ်စန္ဒာရွှေ မိသားစုမှ ပေးအပ်လှူဒါန်းငွေ ကျပ်သိန်း (၁၀၀) အား လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်း - ခင်စန်းမြင့်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment