နတ်မောက်မြို့နယ်တွင် စိုက်ပျိုးမြေတစ်ဧကချင်း၏ ထုတ်လုပ်နိင်စွမ်းတိုးတက်ရေးအတွက် တစ်နှစ်သုံးသီး စိုက်ပျိုးရေးစတင်ဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

demo-image

နတ်မောက်မြို့နယ်တွင် စိုက်ပျိုးမြေတစ်ဧကချင်း၏ ထုတ်လုပ်နိင်စွမ်းတိုးတက်ရေးအတွက် တစ်နှစ်သုံးသီး စိုက်ပျိုးရေးစတင်ဆောင်ရွက်

 

5

6



MNP - ဩဂုတ်   ၁


တစ်နှစ်သုံးသီးစိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ သီးနှံထွက်ရှိမှုပမာဏနှင့် အရည်အသွေးကောင်းမွန်ရေးအတွက် စိုပ်ပျိုးထုတ်လုပ်မှုနည်းပညာများကို နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဘုန်းတော်ပြည့်ကျေးရွာ ဆည်ရေသောက်ဧရိယာများတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။


နတ်မောက်မြို့နယ် ဘုန်းတော်ပြည့်ကျေးရွာသည် နတ်မောက်ရေလှောင်တမံ၏ လက်ဝဲမြောင်းရေသောက် စနစ်မှ လယ်မြေများကို မိုးစပါး၊ နွေစပါးအဖြစ်စိုက်ပျိုးလာခဲ့သည်မှာ နှစ်ပေါင်း (၂၀)ကျော်ခဲ့ပြီဖြစ်ကြောင်း၊ ယခုအခါစိုက်ပျိုးရေးဦးစီးဌာန၏ နည်းပညာအကူအညီဖြင့် လယ်မြေပေါ်တွင် ပထမသီးနှံအဖြစ် နှမ်းလျင် စိုက်ပျိုးခဲ့ရာ နှမ်းလျင်များ နှုတ်သိမ်းနေပြီဖြစ်ကြောင်း၊ မိုးစပါးကို ဒုတိယသီးနှံအဖြစ် စိုက်ပျိုးမည်ဖြစ်ပြီး တိုက်ရိုက်မျိုးစေ့ချစနစ် ( Seeder) စက်ကိရိယာဖြင့် မကြာမီစိုက်ပျိုးတော့မည်ဖြစ်ကြောင်း၊ စပါး ရိတ်သိမ်းပြီးပါက ကုလားပဲသီးနှံကို တတိယသီးနှံအဖြစ် စိုက်ပျိုးရန်စီစဉ်ထားကြောင်း၊ ဆည်ရေသောက် ဧရိယာစံပြကွက် ဖော်ဆောင်ရာတွင် စပါးမျိုး၊ ဓာတ်မြေဩဇာများအခမဲ့ ဖြန့်ဖြူးပေးလျက်ရှိကြောင်း  စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


သတင်း - မူမူစန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages