စဉ့်ကူးမြို့နယ်၊ ကျွန်းဦးကျေးရွာတွင် ကျေးလက်ရေရရှိရေးလုပ်ငန်းများဆောင်ရွက်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့နယ်၊ ကျွန်းဦးကျေးရွာတွင် ကျေးလက်ရေရရှိရေးလုပ်ငန်းများဆောင်ရွက်ပြီးစီး

 


MNP - သြဂုတ်   ၃၀


မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ဆင်သေကျေးရွာအုပ်စု၊ ကျွန်းဦးကျေးရွာနေပြည်သူများ သောက်သုံးရေဖူလုံစွာရရှိရေးအတွက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တည်ဆောက်သည့် စက်ရေတွင်း၊ ရေစက်ရုံနှင့် ရေစုကန်များအား ကျေးရွာရေရရှိရေးကော်မတီသို့ လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက အဆိုပါကျေးရွာတွင် ပြုလုပ်ခဲ့သည်။


အဆိုပါ ကျေးလက်ရေရရှိရေးလုပ်ငန်းအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ခွင့်ပြု ရန်ပုံငွေကျပ် (၉.၃၇၇) သန်းဖြင့် ကျွန်းဦးကျေးရွာတွင် စက်ရေတွင်းအနက် (၁၈၀) ပေ၊ဂါလံ ၂၀၀၀ ဆန် ရေစုကန်နှင့်အလျား ၁၀ ပေ အနံ ၈ ပေ အမြင့် ၈ ပေရှိ ရေစက်ရုံတည်ဆောက်ခြင်း လုပ်ငန်းများဖြစ်ကာ လုပ်ငန်းများရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်၍ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်အောင်စိုးနှင့် တာဝန်ရှိသူများက ကျွန်းဦးကျေးရွာရေရရှိရေးကော်မတီထံသို့ လုပ်ငန်းလွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။


အဆိုပါ ကျေးလက်ရေရရှိရေးဆောင်ရွက်ပေးမှုကြောင့် စဉ့်ကူးမြို့နယ် ကျွန်းဦးကျေးရွာရှိ အိမ်ခြေ (၁၀၄)၊ လူဦးရေ (၅၀၈)ဦးနှင့် တိရစ္ဆာန်များအတွက် ရာသီမရွေးသောက်သုံးရေသုံးစွဲနိုင်သည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။


သတင်း - တင်ဇာလွင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)