ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်နေသော ချောင်းဖီလာတဲတိုက်သို့ သောက်သုံးရေလှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်နေသော ချောင်းဖီလာတဲတိုက်သို့ သောက်သုံးရေလှူဒါန်း

 



MNP - ဩဂုတ်  ၂၅


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်နေသော တောင်ဇင်းအုပ်စုချောင်းဖီလာတဲတိုက်သို့ ယနေ့နံနက် ၈နာရီအချိန်ကဝေမျှခြင်း ပရဟိတ(ရန်ကုန်)မှ သောက်သုံးရေသွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။


ဝေမျှခြင်းပရဟိတမိသားစု(ရန်ကုန်)မှ ချောင်းဖီလာတဲတိုက်သို့ သောက်သုံးရေဂါလံ ၁၆၀၀ သွားရောက်လှူဒါန်းပေးခဲ့ပြီး သောက်သုံးရေလို အပ်နေသော အခြေခံပညာမူလတန်းကျောင်း ၅ ကျောင်းမှလည်း သောက်သုံးရေလှူဒါန်းဖို့ ဆက်သွယ်ထားပြီး  ဝေမျှခြင်းပရဟိတမိသားစုမှ အမြဲလှူဒါန်းပေးမည်ဖြစ်ကြောင်း  ဦးဝင်းမင်းထွန်း(အေး မေတ္တာသောက်ရေအလှူတော်)မှ ပြောကြား၍ သိရသည်။


သတင်း - ကိုကြေးမုံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)