ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြို့နယ်အတွင်းဖွံ့ဖြိုးစည်ပင်ရေး ကွန်ကရစ်လမ်းခင်းခြင်း‌ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြို့နယ်အတွင်းဖွံ့ဖြိုးစည်ပင်ရေး ကွန်ကရစ်လမ်းခင်းခြင်း‌ဆောင်ရွက်

 



MNP - ဩဂုတ်   ၃၀


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြို့နယ်အတွင်း ဖွံ့ဖြိုးစည်ပင်စေရန်အတွက် လိုအပ်လျက်ရှိသည့် ရပ်ကွက်များတွင် ပြည်ထောင်စုဘက်ဂျက်နှင့် တိုင်းဒေသကြီးဘက်ဂျက်ရန်ပုံငွေတို့ဖြင့် မြို့ရွာဖွံ့ဖြိုးရေး တိုးတက်စည်ပင်သာယာရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။


ထိုသို့ မြို့ရွာဖွံ့ဖြိုးရေး တိုးတက်စည်ပင်သာယာရေး လုပ်ငန်းများကို ဆောင်ရွက်ပေးရာတွင်  အမှတ်(၃၇)ရပ်ကွက်ရှိ စုပေါင်းရုံးလမ်းအား ကွန်ကရိလမ်းခင်းခြင်းကို ယမန်နေ့နံနက်ပိုင်းတွင် စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် စုပေါင်းရုံးလမ်း ၂၅၀၀’× ၁၈’× ၉” လမ်းကျယ်နှင့် ၂၅၀၀’× ၁၃’× ၆” လမ်းတို နှစ်လမ်းအတွက် တိုင်းဒေသကြီးဘက်ဂျက် ရန်ပုံငွေကျပ် ၁၇၆.၂၅၀ သန်း ခွင့်ပြုငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။


သတင်း - မြင့်မြင့်ရီ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)