မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနသို့ ရှေးဟောင်းပန်းချီကားနှင့် စာအုပ်၊ စာစောင်များလှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနသို့ ရှေးဟောင်းပန်းချီကားနှင့် စာအုပ်၊ စာစောင်များလှူဒါန်း

 


MNP - ဩဂုတ်   ၁၁


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနသို့ ရှေးဟောင်းပန်းချီကား(၂)ချပ်နှင့် စာအုပ်၊စာစောင်များ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၁၀ နာရီတွင်အလှူရှင် ဒေါ်ကြည်ကြည်အေး (ကျောင်းအုပ်)(ငြိမ်း)၏ နေအိမ်၌ကျင်းပခဲ့သည်။


အလှူရှင်က "မိမိ၏ခင်ပွန်းအမြတ်တနိုးစုဆောင်းထားသော စာအုပ်၊ စာစောင်များနှင့် ပန်းချီကားများကို လူငယ်များဖတ်ရှု့လေ့လာနိုင်စေရန်၊ အများပြည်သူ ဗဟုသုတ ရရှိနိုင်စေရန်နှင့် ခင်ပွန်းကွယ်လွန်ခြင်း (၄)နှစ်ပြည့်အထိမ်းအမှတ် အမှတ်တရဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် လှူဒါန်းရခြင်းဖြစ်ပါကြောင်း" ပြောကြားခဲ့ပါသည်။


ယခုလှူဒါန်းမှုတွင် သုတ၊ ရသစာအုပ်မျိုးစုံ (၄၅)အုပ်၊ ရှေးဟောင်းပန်းချီကား(၂)ချပ် လှူဒါန်းခဲ့ ပြီး မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းနှင့်ဝန်ထမ်းများက လက်ခံခဲ့ကြောင်း သိရသည်။


သတင်း - ကျော်ကျော်အောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)