ပေါက်တောမြို့နယ်၌ ၂ဝ၂၂ ခုနှစ် (ဒုတိယအကြိမ်) မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ်၌ ၂ဝ၂၂ ခုနှစ် (ဒုတိယအကြိမ်) မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ


MNP ၊ ဩဂုတ်  ၁ဝ

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏၂ဝ၂၂ ခုနှစ် ၊ မိုးရာသီ(ဒုတိယအကြိမ်) မြို့နယ်အဆင့် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို စစ်တွေခရိုင် ၊ မင်းပြားမြို့နယ်၊ သစ်တောဦးစီးဌာနမှ စီစဉ်ကြီးကြပ်မှုဖြင့် ပေါက်တော-နတ်တောင်ပြင် သွား ကားလမ်းဘေး လည်ရိုးတော်ဓာတ်(ဓာတ်တောင်)ဘုရားအနီး၌ ယနေ့ နံနက် ၈ နာရီခွဲက ကျင်းပသည်။

အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပရာတွင် ပေါက်တောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးဆန်းထွန်း ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဗိုလ်မှူး အောင်ဇင်သန်း နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊   မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ ၊ ဘုရားဂေါပကအဖွဲ့ဝင်များ က မန်ဂျန်းရှား ၂ဝဝ၊ ခရေ ၅၀၊ ပိတောက် ၅၀၊ သပြေ ၅၀ စုစုပေါင်း ပျိုးပင် ၃၅၀ ကို စိုက်ပျိုးကြသည်။

ပေါက်တောမြို့နယ်အတွင်း ၂ဝ၂၂ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ မြို့နယ်အဆင့် နှစ်ပွဲ ၊  ပျိုးပင်ပေါင်း ၉၅၀ စိုက်ပျိုးပြီး ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးသံခဲအောင်ထံမှ သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)