အမျိုးသားရေး လုပ်ဖော်ကိုင်ဖက်တစ်ဦး ဆုံးရှုံးလိုက်ရပြန်ပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမျိုးသားရေး လုပ်ဖော်ကိုင်ဖက်တစ်ဦး ဆုံးရှုံးလိုက်ရပြန်ပြီ



NLD အစွန်းရောက်တွေ အကြမ်းဖက်လှုပ်ရှားမှု စတင်လာကတည်းက အမျိုးသားရေးလှုပ်ရှားသူတွေကို ပစ်မှတ်ထားခဲ့ပါတယ်။ အဓိကအားဖြင့်တော့ အမျိုးသားရေးလှုပ်ရှားသူများရဲ့ ဆောင်ရွက်ချက်တွေကို အစဉ်အမြဲ အပုပ်ချရေးသားစော်ကားနေတဲ့ သာလွန်ဇောင်းထက် ဦးဆောင်တဲ့ Khit Thit Media လို ပြည်ဖျက်မိစ္ဆာတွေနဲ့ ချိတ်ဆက်ပြီး ပြည်တွင်းမှာ ရှိတဲ့ NLD အစွန်းရောက် အကြမ်းဖက်သမားတွေက အလစ်အငိုက်ချောင်းပြီး လုပ်ကြံသတ်ဖြတ်နေကြခြင်းပဲ ဖြစ်ပါတယ်။


ယမန်နေ့ (၃၀-၈-၂၀၂၂) ရက်နေ့ ညနေပိုင်းက ဒလမြို့နယ်၊ သမ္မတကမ်းခြေက အမျိုးသားရေးလုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်ခဲ့တဲ့ ကိုစိုးမင်းဦး (ခ)ပျူနွယ်ဘွား ကို NLD အစွန်းရောက် အကြမ်းဖက်သမားများက လက်ဖက်ရည်ဆိုင်ထဲ ဝင်ပြီး လုပ်ကြံသတ်ဖြတ်သွားခဲ့ကြပါတယ်။


ပြည်ပကပေးတဲ့ အထောက်အပံ့နဲ့ ကိုယ့်ပြည်သူအချင်းချင်း ယုတ်မာရိုင်းစိုင်းစွာ လုပ်ကြံသတ်ဖြတ်နေတဲ့ NLD အစွန်းရောက် ပြည်ဖျက်မိစ္ဆာတွေရဲ့ အန္တရာယ်ကို ကာကွယ်ဖို့ အမျိုးသားရေးလှုပ်ရှားသူတွေမှာ ဘာမှ အဆင်သင့် မဖြစ်ပါဘူး။ ကိုယ့်တိုင်းရင်းသားအချင်းချင်း NLD အစွန်းရောက်များကဲ့သို့ ယုတ်မာရိုင်းစိုင်းဖို့လည်း အမျိုးသားရေးသမားများမှာ ရည်ရွယ်ချက် မရှိပါဘူး။ NLD အစွန်းရောက်များကတော့ ကိုယ့်တိုင်းရင်းသားပြည်သူအချင်းချင်း ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်နိုင်လေ ပြည်ပကနေ အထောက်အပံ့များများရလေ။ နိုင်ငံရေးနွားတွေ အဖြစ်နဲ့ အသိဉာဏ်ဆင်ခြင်တုံတရား ကင်းမဲ့စွာ ယုတ်မာရိုင်းစိုင်းနေကြခြင်း ဖြစ်ပါတယ်။


အမျိုးသားရေးလှုပ်ရှားမှုတွေမှာ ဦးဆောင်သူလို့ ပြောနိုင်တဲ့ လှိုင်လူငယ်အဖွဲ့က ကိုကျော်ကြီး၊ မူဆယ်မြို့ ဝံသပါလအဖွဲ့က ကိုဇော်ကြီး တို့ ဟာ NLD အစွန်းရောက်တွေရဲ့ လုပ်ကြံသတ်ဖြတ်မှုကြောင့် ဆုံးပါးခဲ့ရသူတွေပဲ ဖြစ်ပါတယ်။ လှိုင်မြို့နယ်မှာဆိုရင် ကိုကျော်ကြီး လုပ်ကြံသတ်ဖြတ်ခြင်း မခံရမီကတည်းက ကိုကရင် ကို NLD အစွန်းရောက် လူရမ်းကားတစ်စုက ဖမ်းဆီးပြီး မျက်နှာမှာ တက်တူးထိုးခြင်း ခံရပါတယ်။ ကိုရဲစိုးတို့ နေအိမ် ဖျက်ဆီးခြင်းခံရပြီး တိမ်ရှောင်ခဲ့ရတယ်။ ကိုကျော်ကြီးကို လုပ်ကြံသတ်ဖြတ်ခံရပြီးချိန်မှာ ကိုမျိုးတို့ မိသားစုပါ တိမ်းရှောင်နေလိုက်ရတယ်။


သာကေတမြို့နယ်က ကိုမြင့်သိန်းရဲ့ နေအိမ်ကို NLD အစွန်းရောက် အကြမ်းဖက်သမားတွေက အင်အားအလုံးအရင်းနဲ့ ဝိုင်းပြီး လက်လုပ်မိုင်းတွေနဲ့ပစ် မီးပုလင်းတွေနဲ့ပစ်၊ လူ့အသတ်ကိုပါ အန္တပြုလာလို့ ကျားကုတ်ကျားခဲ ခုခံပြီး အသက်လုယူခဲ့ရတယ်။ ရှိသမျှ ပိုင်ဆိုင်မှု အားလုံး ဖျက်ဆီးခြင်း ခံခဲ့ရတယ်။

ကျွန်တော်တို့နဲ့ ရင်းနှီးကျွမ်းဝင်ခြင်း မရှိပေမယ့် အမျိုးသားရေးလှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်ခဲ့ဖူးသူတွေလည်း အထက်ဖော်ပြပါ အကိုများလိုပဲ လုပ်ကြံသတ်ဖြတ်ခံရမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ကိုကျော်ကြီး၊ ကိုဇော်ကြီး တို့ လုပ်ကြံသတ်ဖြတ်ခံရပြီးချိန်ကတည်းက အမျိုးသားရေး လုပ်ဖော်ကိုင်ဖက်များကို ပြောနိုင်တာက တစ်ခုပဲ ရှိပါတယ်။ မပေါ့ဆကြပါနဲ့၊ သတိလက်လွတ်မဖြစ်ကြပါစေနဲ့။ စစ်အစိုးရကို တော်လှန်တာပါဆိုတဲ့ NLD အစွန်းရောက်တွေရဲ့ ပစ်မှတ်ဟာ စစ်အစိုးရမဟုတ်ပါဘူး။ အပြစ်မဲ့ ပြည်သူတွေ၊ သူတို့ လုပ်ကြံသတ်ဖြတ်ဖို့ လွယ်ကူတဲ့သူပဲ ဖြစ်ပါတယ်။ သူတို့အနေနဲ့ ဘယ်သူ့ကိုပဲ သတ်သတ် စစ်တပ်ရဲ့ ထောက်တိုင်ပါ၊ စစ်ခွေးပါလို့ ခေါင်းစဉ်တပ်ပေးလိုက်ရင် သူတို့အတွက် အထောက်အပံ့ ရပါပြီ။ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ နိုင်ငံရေးခိုင်းနွား အကြမ်းဖက်သမားတွေရဲ့ အောက်တန်းကျမှုကို ကောင်းစွာ သိနားလည်ထားဖို့ပဲ ဖြစ်ပါတယ်။

ကိုကျော်ကြီး အသတ်ခံရလို့ တရားခံဖော်ထုတ်ဖမ်းဆီးပေးနိုင်လား။ ကိုဇော်ကြီး အသတ်ခံခဲ့ရလို့ တရားခံ ဖော်ထုတ်ဖမ်းဆီး ပေးနိုင်လား မေးရင် မေးတဲ့သူကိုတောင် ရန်ရှာကြလိမ့်အုံးမယ်။ NLD အစွန်းရောက် အကြမ်းဖက်သမားတွေက လက်လွတ်စပါယ် စိတ်ထင်တိုင်း သတ်တယ်။ ဥပဒေစိုးမိုးရေးအတွက်၊ တရားမျှတမှုအတွက် အရေးဆိုလို့ မရနိုင်တဲ့ အခြေအနေမှာ အရေးဆိုသူသာ ပြစ်တင်ပြောဆိုခြင်း ခံရမှာပဲ ဖြစ်ပါတယ်။

အကြမ်းဖက်သမားက အမှောင်ထဲကလူ။ စောင့်ချောင်းနေတဲ့သူ။ သတိလက်လွတ်ဖြစ်တာနဲ့ အကြမ်းဖက်သမားများရဲ့ ရန်ပြုစော်ကား၊ လုပ်ကြံသတ်ဖြတ်ခြင်းကို အချိန်မရွေး ရင်ဆိုင်ရနိုင်တဲ့အတွက် မပေါ့ဆကြပါနဲ့၊ သတိလက်လွတ် မဖြစ်ကြပါစေနဲ့လို့သာ ပြောနိုင်ပါတယ်။ ကိုဇော်ကြီး အကြမ်းဖက်သမားတွေရဲ့ အန္တရာယ် ကျရောက်နေလို့လည်း ကျွန်တော်တို့ မကူညီနိုင်ပါဘူး။ မကယ်တင်နိုင်ခဲ့ပါဘူး။ ကိုကျော်ကြီးကို နောက်ကျောကနေ NLD အစွန်းရောက် အကြမ်းဖက်သမားက သေနတ်နဲ့ ပစ်သတ်သွားတယ်။ တိုက်အမြင့်ပေါ်ကနေ ဓာတ်ပုံမှတ်တမ်း ရိုက်ယူတဲ့ကောင်က ရိုက်သူတယ်။ အကြမ်းဖက်သမားတွေက စနစ်တကျ လုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။ 

အမျိုးသားရေး လှုပ်ရှားသူတွေမှာ ထင်းအစည်းပြေသလို အကွဲကွဲအပြားပြား ကိုယ့်နေရာမှာ ကိုယ့်နေကြတာ ဖြစ်တဲ့အတွက် တစ်ဦးတစ်ယောက် အရေးကြုံလို့ ဗျို့ဟစ်ပြီး လူစုနိုင်တဲ့ အခြေအနေ မရှိပါဘူး။ ဒါကြောင့် သွားသတိ၊ လာသတိ၊ ဒီအချိန်မှာ စားတာတောင် သတိလက်လွတ် မဖြစ်သင့်ကြောင်း အမျိုးသားရေးလှုပ်ရှားသူများ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ဖြစ်စဉ်များက သင်ခန်းစာ ပေးနေပါတယ်။

ကိုပျူနွယ်ဘွား ဦးဆောင်ပါဝင် တဲ့ လောကပါလမျိုးချစ်ပရဟိတအဖွဲ့ဟာ ကူညီထောက်ပံ့မှုတွေကို အလေးထားပြီး လုပ်ဆောင်ပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ရေဘေး၊ လေဘေးကြုံတွေ့ရတဲ့ ဒေသတွေကို သူတို့အဖွဲ့တွေအနေနဲ့ သွားရောက် ကူညီပေးခဲ့တယ်။ ရန်ကုန်မြို့ပေါ်မှာ အမျိုးသားရေးလှုပ်ရှားမှုတွေ လုပ်ဆောင်တဲ့အခါတိုင်း အင်အားအပြည့်နဲ့ ပါဝင်အားဖြည့်ခဲ့ကြတယ်။ သံလျှင်မြို့၊ ကျိုက်ဒေးယျုံစေတီတော်ကြီးမှာ ကျွန်တော်တို့ မြန်မာ့အမျိုးသားရေးကွန်ရက် က ကျင်းပခဲ့တဲ့ ပွဲမှာဆိုရင် လောကပါလမျိုးချစ်ပရဟိတအဖွဲ့ ကိုယ်စား ကိုပျူနွယ်ဘွား ကိုယ်တိုင် ထုတ်ပြန်ကြေညာချက်ကို ဖတ်ကြားခဲ့ပါတယ်။

NLD အစိုးရလက်ထက် ကျွန်တော်တို့တွေ ထောင်ကျနေတော့ သူတို့တွေလည်း ဘာသာရေးလုပ်ငန်းစဉ်တွေဘက်ကို အလေးထား လုပ်ဆောင်နေကြပါတယ်။ ဘုရားစေတီပုထိုးများ သန့်ရှင်းရေး၊ ရောင်တော်ဖွင့် ကုသိုလ်ရေးဘက်ကို အလေးထား လုပ်ဆောင်နေကြပါတယ်။ အဆက်ပြတ်နေတာ ကြာခဲ့ပြီဖြစ်ပေမယ့် အမျိုးသားရေးလှုပ်ရှားမှုတွေမှာ လုပ်ဖော်ကိုင်ဖက် ဖြစ်ခဲ့ကြ၊ ညီရင်းအစ်ကိုလို ဆက်ဆံခဲ့ကြသူတွေ အကြမ်းဖက်ဘေးအန္တရာယ်နဲ့ ရင်ဆိုင်ကြုံတွေ့ရသည့် အခါတိုင်း ယူကြုံးမရ ဖြစ်ပါရပါတယ်။

ကိုကြီး ပျူနွယ်ဘွားရေ အမျိုးသားရေးလှုပ်ရှားသူတွေက NLD အစွန်းရောက်တွေနဲ့ အတိုက်အခံ ဖြစ်ခဲ့ပေမယ့် NLD အစွန်းရောက်တွေကို အမျိုးသားရေးသတိ ရှိစေချင်တာကလွဲလို့ ရန်ပြုစော်ကားဖို့ ရည်ရွယ်ချက်မရှိပါဘူး။ ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာ NLD တွေကတော့ အမျိုးသားရေးလှုပ်ရှားသူတွေကို သတ်ပြပြီး ပြည်ပက အထောက်အပံ့ကို ရယူနေတယ်ဆိုတာ အကိုတို့ ကြုံတွေ့ခဲ့ရတဲ့ လုပ်ကြံသတ်ဖြတ်မှုတွေက အထင်ရှားဆုံး သာဓကတွေပါပဲ။

အကြမ်းဖက်ဘေးအန္တရာယ်ကြောင့် ဘဝတပါး ပြောင်းရွှေ့သွားကြသော ကိုကျော်ကြီး၊ ကိုဇော်ကြီး၊ ကိုပျူနွယ်ဘွားနှင့်  အမျိုးသားရေး လုပ်ဖော်ကိုင်ဖက်များ အားလုံး ဘဝအဆက်ဆက် အကြမ်းဖက်ဘေးက ဝေးပါစေ၊ ကောင်းရာမွန်ရာ ဘုံဘဝကို ရောက်ရှိပါစေ။


ဝမ်းနည်းခြင်းများစွာဖြင့် 

နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)