မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် လင်းခေး နမ့်တိန်းချောင်းရေအနည်းငယ်တက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် လင်းခေး နမ့်တိန်းချောင်းရေအနည်းငယ်တက်

 

MNP - ဩဂုတ်   ၉


ယမန်နေ့သြဂုတ်(၈)ရက်ညက မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် လင်းခေးမြို့ နမ့်တိန်းချောင်း အနည်းငယ်ရေတက်လာခဲ့ခြင်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။


အဆိုပါ ရေချောင်းနံဘေးနေရပ်ကွက်ပြည်သူများ၏ပြောပြချက်အရ၊ ယနေ့နံနက် အချိန် ၁နာရီ အတောအတွင်းချောင်းကပ်စပ်အကျော်ရပ် ကွက်လမ်းမ အနီးထိ ရေပိုတက်လာခဲ့ခြင်းဖြစ်ကြောင်း ပြောပါသည်။


လင်းခေးနမ့်တိန်းချောင်းသည် လွန်ခဲ့သည့်၂၀၀၄/၂၀၀၆ခုနှစ်ကရပ်ကွက်နှင့် ကျေးရွာလူနေအိမ်များ မြှုပ်သည်အထိချောင်းရေလျှံရေကြီးမှု ဖြစ်ပေါ်ခဲ့ပြီး၊ ယမန်နှစ်၌ဖြစ်ပေါ်ခြင်းမရှိခဲ့ကာ၊ ယခု ၂၀၂၂ခုနှစ် ဩဂုတ်လဆန်းပိုင်းတွင် တစ်ဖန် (စိုးရိမ်ရေအမှတ်မရောက်)ရေကြီးလာခဲ့ခြင်းဖြစ်သည်။


တစ်နှစ်ခြားနှစ်နှစ်ခြားနှစ်ကာလများ၌ နမ့်တိန်းချောင်းရေသာမန်အားဖြင့် ပုံမှန်‌ရေတက်ခြင်း၊ ပုံမှန်ကျဆင်းသွားသော်လည်း သံလွင်မြစ်ရေ လျှံတက်လာပါက လင်းခေး မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများအထိ ကြီးမားသောရေကြီးရေလျှံမှု နမ့်တိန်းချောင်းရေတက်ခြင်း နှစ်ကြိမ်ဖြစ်ပေါ်ခဲ့ဖူးကြောင်း လင်းခေးမြို့ သမိုင်းမှတ်တမ်းများအရ လေ့လာသိရသည်။


သတင်း - စိုင်းဇော်လတ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)