မိတ္ထီလာခရိုင်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၌ မိုးစပါးစိုက်ဧက တစ်သိန်းကျော် စိုက်ပျိုးသွားရန် လျာထား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာခရိုင်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၌ မိုးစပါးစိုက်ဧက တစ်သိန်းကျော် စိုက်ပျိုးသွားရန် လျာထား



MNP - သြဂုတ်   ၁၀


မိတ္ထီလာခရိုင်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၌ မိုးစပါးကို စိုက်ဧကတစ်သိန်းကျော် စိုက်ပျိုးသွားရန် လျားထားကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံး၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များရှိ ဒေသခံတောင်သူများသည် မိုးစပါးကို ဆည်ရေ၊ ကန်ရေ သောက်စနစ်ဖြင့်လည်းကောင်း၊ ဆည်ရေ၊ ကန်ရေ မရသည့်ဒေသများတွင် မိုးကောင်းရေသောက်စနစ်ဖြင့်လည်းကောင်း စိုက်ပျိုးလျက်ရှိသည်။ ယင်းသို့ စိုက်ပျိုးရာတွင် မိုးစပါးကို ပျိုးထောင်စိုက်ပျိုးသည့် စနစ်၊ တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးသည့် စနစ်များဖြင့် စိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးရာတွင်လည်း ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းသည့် မနောသုခ၊ ဆင်းသုခ၊ ဧရာမင်းမျိုးစပါးများနှင့် ဒေသမျိုးစပါးများကို အဓိကစိုက်ပျိုးလျက်ရှိရာ ယခုနှစ် ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် မိုးစပါးကို ဆည်ရေ၊ ကန်ရေသောက်စနစ်နှင့်  မိုးကောင်းရေသောက်စနစ်တို့ဖြင့် မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံး၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာမြို့နယ်တွင် စိုက်ဧက ၁၀၈၄၆ ဧက၊ မလှိုင်မြို့နယ်တွင် စိုက်ဧက ၅၁၆၂ ဧက၊ သာစည်မြို့နယ်တွင် ၃၁၃၈၉ ဧကနှင့် ဝမ်းတွင်းမြို့နယ်တွင် စိုက်ဧက ၅၄၃၁၂ ဧကတို့ကို စိုက်ပျိုးသွားရန် အသီးသီးလျားထားကြောင်း သိရသည်။


ယခုနှစ်တွင် မိုးစပါးများကို ဇူလိုင်လမှ စတင်၍ စိုက်ပျိုးလျက်ရှိရာ ယနေ့အထိ မိုးစပါးစိုက်ဧက ၃၆၁၈ ဧက စိုက်ပျိုးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။


သတင်း - သိန်းမြင့်ကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)