ကျောက်ဆည်မြို့နယ်၌ မိုးချည်မျှင်ရှည်ဝါ(၃၄၅၀)ဧကစိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ်၌ မိုးချည်မျှင်ရှည်ဝါ(၃၄၅၀)ဧကစိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်း



MNP - ဩဂုတ်   ၃၀


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ချည်မျှင်ရှည်ဝါများတိုးချဲ့ပြီး (၃၄၅၀)ဧက စိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။


မိုးချည်မျှင်ရှည်ဝါများကို သင်္ဂတုံကျေးရွာအုပ်စုတွင်(၁၇)ဧက၊ ကလေးကျေးရွာအုပ်စုတွင်(၁၀)ဧက၊ မှိုင်းပန်ကျေးရွာအုပ်စုတွင်(၆၇၅)ဧက၊ ရှမ်းတောင်ဦးကျေးရွာအုပ်စုတွင်(၁၀)ဧက၊ ရဲဘော်ကြီးကျေးရွာအုပ်စုတွင်(၇၅၀)ဧက၊ ရဲယမန်းကျေးရွာအုပ်စုတွင်(၁၁၈၈)ဧက၊ သံရွာကျေးရွာအုပ်စုတွင်(၅၀)ဧက၊ ပေါင်လောင်ကျေးရွာအုပ်စုတွင်(၂၅၀)ဧက၊ တောင်တော်ကျေးရွာအုပ်စုတွင်(၂၄၆)ဧက၊ ကင်းကျေးရွာအုပ်စုတွင်(၂၅၄)ဧက၊ စုစုပေါင်း (၃၄၅၀)ဧက စိုက်ပျိုးကြောင်း သိရှိရသည်။


ကျောက်ဆည်မြို့နယ်အတွင်းရှိ ဝါစိုက်တောင်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန်အတွက် လွန်ကျော်ဝါသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံမှ အရည်အသွေးနှင့်ထွက်နှုန်းကောင်းသော ဝါမျိုးကောင်းမျိုးသန့်များ သုတေသနပြုစိုက်ပျိုးပြီး ဒေသနှင့်ကိုက်ညီသည့် ရွှေတောင်(၁၀)၊ ရွှေတောင်(၈)နှင့် ငွေချည်(၆) ချည်မျှင်ရှည်ဝါ မျိုးကောင်းမျိုးသန့်မျိုးစေ့များ ဖြန့်ဖြူးပေးလျက်ရှိကြောင်းနှင့် သီးနှံများအောင်မြင်ဖြစ်ထွန်းရေး စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများနှင့်ပူးပေါင်း၍ နည်းပညာများ ကူညီပံ့ပိုးပေးလျက်ရှိကြောင်း သိရှိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)