သပိတ်ကျင်းမြို့နယ် ပိုးဇာနွယ်ကျေးရွာ လူဆူတိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားကွင်းဆင်းဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သပိတ်ကျင်းမြို့နယ် ပိုးဇာနွယ်ကျေးရွာ လူဆူတိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားကွင်းဆင်းဆောင်ရွက်ပေး



MNP - သြဂုတ်  ၉


မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ် ပိုးဇာနွယ်ကျေးရွာရှိ လီဆူတိုင်းရင်းသား လူမျိုးများအား ပန်းခင်းစီမံချက် (၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးခြင်းကို ယနေ့နံက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သပိတ်ကျင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ ဒု-လ.ဝ.ကမှူး ဒေါ်လဲ့လဲ့ထွန်းနှင့်ဝန်ထမ်းများသည် ပိုးဇာနွယ်ကျေးရွာသို့ ကွင်းဆင်းသွားရောက်ပြီး အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြသည်။


ထိုသို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်းပေးရာတွင် ပိုးဇာနွယ် ကျေးရွာရှိ အသက်(၁၀)နှစ်အထက်(၃က)၊ ကျား (၃၃)ဦး၊ မ(၂၉)ဦး၊ (၁၈)နှစ်အထက် (၆က) ကျား(၆)ဦး၊ မ(၄)ဦး စုစုပေါင်း(၇၂)ဦး၊ နိုင်ငံသားစိစစ်ရေးတ်ပြားများ ဆောင်ရွက်ပေးနိုင်ခဲ့ ကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)