ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်းများ ညှိနှိုင်းအစည်းအဝေး ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်းများ ညှိနှိုင်းအစည်းအဝေး ပြုလုပ်


 

MNP - ဩဂုတ်   ၁၀


ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ဌာနဆိုင်ရာအလိုက် ဘတ်ဂျက်ခွဲဝေငွေခွင့်ပြုမှုအရ ကဏ္ဍအလိုက်နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ (လျာထား/ဆောင်ရွက်ဆဲ) လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နေ့လည် ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။


အစည်းအဝေးတွင် မြို့နယ်စီမံကိန်းများရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်လှိုင် က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီ အတွင်းရေးမှူး မြို့နယ် စီမံကိန်းဦးစီးမှူးမှ ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုအား ပြန်လည် ဆွေးနွေးတင်ပြသည်။


ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ မိမိတို့ဌာနအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လျာထား/ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ တာဝန်ရှိသူများက ဖြည့်စွက် ညှိနှိုင်းဆွေးနွေးဆောင်ရွက်ပေးခဲ့ပြီး၊ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများအား အစည်းအဝေးဆုံးဖြတ်ချက်ချမှတ်ကာ အစည်းအဝေးကို ရုတ်သိမ်းခဲ့သည်။


အဆိုပါ အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - ဝေယံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)