ငါ့သရောက်မြို့တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန် သစ်ပင်၊ သစ်ကိုင်းများခုတ်ထွန်ရှင်းလင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါ့သရောက်မြို့တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန် သစ်ပင်၊ သစ်ကိုင်းများခုတ်ထွန်ရှင်းလင်း

 



MNP - သြဂုတ်   ၂၉


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် ငါ့သရောက်မြို့ လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ မြို့လျှပ်စစ်မန်နေဂျာဦးဝင်ထွန်းနှင့်ဒု-မြို့လျှပ်စစ်မန်နေဂျာဦးဝေဖြိုးကျော်တို့မှ ဦးဆောင်ပြီး ယနေ့နံနက် ၈ နာရီမှစ၍ လျှပ်စစ်ဓာတ်အားပေးလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွန်ရှင်းလင်းခြင်း လုပ်ငန်းများကွင်ဆင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


ယင်းသို့ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် မြို့လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ မြို့လျှပ်စစ်မန်နေဂျာဦးဝင်းထွန်းနှင့် ဒု-မြို့လျှပ်စစ်မန်နေဂျာဦး ဝေဖြိုးကျော်တို့မှ ဦးဆောင်ပြီး ငါ့သရောက်မြို့  ၁၁ ကေဗွီ စက်စ်ယိုဖီဒါတစ်လျှောက်  ဓာတ်အားလိုင်းနှင့်ထိစပ်နေသော သစ်ပင်၊ သစ်ကိုင်းများကို ယနေ့နံနက် ၈ နာရီမှစ၍ မွန်းတည့် ၁၂ နာရီအထိ ခုတ်ထွင်ရှင်းခဲ့ကြောင်း သိရသည်။ လျှပ်စစ်သုံးစွဲသူပြည်သူများအနေဖြင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ ဓာတ်အားပျောက်ဆုံး မှုလျော့နည်းရေးနှင့် ဗို့အားပြည့်ဝစွာ အသုံးပြုနိုင်ရေးအတွက်ရည် ရွယ်ပြီး ခုတ်ထွန်ရှင်းလင်းခဲ့ကြောင်းလျှပ်စစ်မန်နေဂျာ ဦးဝင်းထွန်းထံမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)