အိမ်မဲမြို့နယ်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသော မိသားစုဝင်များအား ခရိုင်ဘေး/ စီမံမှ ထောက်ပံ့ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိမ်မဲမြို့နယ်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသော မိသားစုဝင်များအား ခရိုင်ဘေး/ စီမံမှ ထောက်ပံ့ငွေများပေးအပ်



MNP - သြဂုတ်   ၃၀


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ချောင်းဝပိုင်းရပ်ကွက် (၁၃)လမ်းတွင် သြဂုတ်လ (၂၆)ရက်နေ့ မွန်းလွဲ (၁) နာရီ(၁၅) မိနစ်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကုက္ကိုပင်လဲကျကာ နေအိမ်(၃)လုံး မျက်နှာစာပျက်စီးခဲ့သော မိသားစုဝင်များအား ထောက်ပံ့ငွေပေးအပ်ပွဲကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ယနေ့ နံနက်(၉)နာရီတွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။


နေအိမ်မျက်နှာစာပျက်စီးသွားသော မိသားစုဝင်များအား မြောင်းမြခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနမှ တစ်အိမ်ထောင်လျှင် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၃၀၀၀၀)ကျပ်နှင့် ဆန်ရိက္ခာရန်ပုံငွေ (၆၃၀၀)ကျပ် စုစုပေါင်း(၁၀၈၉၀၀)ကျပ်ကို အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့် ခရိုင်ဘေး/စီမံ ဦးစီးအရာရှိ ဒေါ်လဲ့ရည်ချိုတို့က ထောက်ပံ့ပေးခဲ့ ကြောင်း သိရသည်။


သြဂုတ်လ (၂၆)ရက်နေ့ကလည်း အဆိုပါ ပျက်စီးသွားသော နေအိမ် (၃)လုံးရှိ မိသားစုဝင်များအား နေအိမ်များ ပြုပြင်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးမှ တစ်အိမ်ထောင်လျှင် (၂၀၀၀၀) ကျပ်နှုန်း၊ မြို့နယ်ကြက်ခြေနီအသင်းမှ (Hygiene Parcel) မိသားစုသုံးပစ္စည်း (၁၁)မျိုး၊ (Dignity Kit) အမျိုးသမီးသုံးပစ္စည်း (၁၁) မျိုး၊ အလှူရှင် ခင်ဘိုဘိုနှင့် ခင်စန်းအေးတို့မှ တစ်အိမ်ထောင်လျှင် (၁၀၀၀၀)ကျပ် နှုန်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။


သတင်း - ချစ်သက်လယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)