ပုဏ္ဏားကျွန်းမြို့၌ ပန်းခင်းစီမံချက်အဆင့်(၂)အရ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ (အခမဲ့)ပြုလုပ်ပေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ပုဏ္ဏားကျွန်းမြို့၌ ပန်းခင်းစီမံချက်အဆင့်(၂)အရ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ (အခမဲ့)ပြုလုပ်ပေး

050

051

052


MNP ၊ သြဂုတ် ၂၉

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှူးရုံးမှ ဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်အဆင့်(၂)အရ အိမ်ထောင်စုလူဦးရေးစာရင်းနှင့်နိုင်ငံသားစီစစ်ရေးကတ်ပြားများ (အခမဲ့)ပြုလုပ်ဆောင်ရွက်ခြင်းကို ယမန်နေ့က ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်၊ ဘက်စုံသုံးခန်းမသို့ လာရောက်ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးထွန်းအေးက ပန်းခင်းစီမံချက်အဆင့်(၂)အရ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့်ရက်ကွက်/ကျေးရွာများသို့ ကွင်းဆင်းပြီး၊ အသက် ၁၆ နှစ်ပြည့်သူတိုင်း ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုးရရှိနိုင်ရေးအတွက် အိမ်ထောင်စု လူဦးရေစာရင်းနှင့်နိုင်ငံသားစီစစ်ရေးကတ်များ ဆောင်ရွက်ပေးနေမှုအခြေအနေတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး၊ စံပြရပ်ကွက်အတွင်းရှိ အသက် ၁၀ နှစ်ပြည့်သူ ၃၅ ဦးနှင့်အသက် ၁၈ နှစ်ပြည့်သူ ၃၆ ဦး၊ စုစုပေါင်း(၇၁)ဦးအတွက် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြား ကိုင်ဆောင်ခွင့်ရရှိအောင် (အခမဲ့)ပြုလုပ်ပေးခဲ့ကြောင်း  မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှူးရုံးမှ သိရသည်။


နီထွန်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages