စဉ့်ကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ





MNP ၊  ဩဂုတ်  ၉

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကို ယနေ့နံနက် (၇)နာရီခွဲအချိန်က စဉ့်ကူးမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပိုင် ၅ ဧက ခြံဝင်းအတွင်း၌ ကျင်းပခဲ့သည်။ 


အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးထွန်းကျော်နိုင်၊ ဦးစီးအရာရှိ ဦးနန်းကိုဦးနှင့်ဝန်ထမ်းများ၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်းများ စုစုပေါင်းအင်အား (၃၀)ဦးတို့က ကျွန်းပင် (၃၀)ပင်၊ ပိတောက်ပင် (၂၀)ပင်၊ ကံ့ကော်ပင် (၃၀)ပင်၊ သရက်ပင် (၅၀)ပင်၊ ပိန္နဲပင်(၂၀) ပင်၊ စုစုပေါင်း သစ်ပင်ပျိုးပင်(၁၅၀)ပင် တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


တင်ဇာလွင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)