ညောင်ဦးမြို့နယ်တွင် သောက်သုံးရေလိုအပ်နေသော ခွေးတောက်ပြုတ်ကျေးရွာသို့ သောက်သုံးရေဂါလန် ၃၂၀၀ လှူဒါန်းပြီး အနန္တမေတ္တာ သောက်ရေကန်အား ဘက်စုံပြုပြင် နိုင်ရေးစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ်တွင် သောက်သုံးရေလိုအပ်နေသော ခွေးတောက်ပြုတ်ကျေးရွာသို့ သောက်သုံးရေဂါလန် ၃၂၀၀ လှူဒါန်းပြီး အနန္တမေတ္တာ သောက်ရေကန်အား ဘက်စုံပြုပြင် နိုင်ရေးစစ်ဆေး

 



MNP - ဩဂုတ်   ၃၁


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့သည် သောက်သုံးရေလို အပ်နေသော တောင်ဇင်းအုပ်စု၊ ခွေးတောက်ပြုတ်ကျေးရွာသို့ ယမန်နေ့နေ့ခင်း ၁ နာရီခွဲအချိန်က သောက်သုံးရေဂါလန် ၃၂၀၀ လှူဒါန်းပြီး ကျေးရွာ ၉ ရွာကျော်အသုံးပြုသည့် အနန္တမေတ္တာရေကန်တော်ကြီးအား ဘက်စုံပြုပြင်နိုင်ရေးကွင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်များနှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သောအဖွဲ့သည် ခွေးတောက် ပြုတ်ကျေးရွာသို့ ရောက်ရှိခဲ့ပြီး သောက်သုံးရေလိုအပ်နေခြင်းအား ရေဂါလန် ၃၂၀၀ လှူဒါန်းပြီး ကျေးရွာ ၉ ရွာကျော်ခန့် အသုံးပြုနေသော အနန္တမေတ္တာသောက်ရေကန်တော်ကြီး ရေခမ်းခြောက်သွားပြီး လတ်တလောသောက်သုံးရေဖြေရှင်းနိုင်ရန် စက်ရေတွင်း ပန့် ပျက်နေခြင်းအား ကြည့်ရှုစစ်ဆေးပြီး အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ပြီး မိုးရွာသွန်းချိန် အနန္တမေတ္တာသောက်သုံးရေကန်ကြီးထဲသို့ ဝင်ရောက်သည့် ရေစီးလမ်းကြောင်းများ လိုက်လံကြည့်ရှုစစ်ဆေးပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှတာဝန်ရှိသူများက ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းဆွေးနွေးသည်။


အဆိုပါ ခွေးတောက်ပြုတ်ကျေးရွာသည် အိမ်ခြေ ၁၈၆ အိမ် ၊လူဦးရေ ၁၁၄၃ ဦးနှင့် ကျွဲနွား ၁၄၅ ကောင်ရှိကြောင်းသိရပြီး ကျေးရွာသောက်သုံးရေစက်ရေတွင်း ပန့်(စ်)ချွတ် ယွင်းခြင်းနှင့် ကျေးရွာသောက်ရေကန်ကြီး ခမ်းခြောက်သွားခြင်းကြောင့် သောက်သုံးရေ အခက်ခဲဖြစ်ပေါ်ခဲ့ကြောင်း၊ အဆိုပါ အနန္တမေတ္တာမြေသားသောက်ရေကန်ကြီးသည် အလျား ၈၄၀ ပေ၊ အနံ ၄၄၀ ပေနှင့် ရေနေအနက် ၁၅ ပေခန့်နှင့် ကန်ဘောင်အမြင့် ၂၅ ပေခန့်ရှိကြောင်းသိရပြီး ထိုကန်ကြီးထဲမှရေအား ပနီတွင်းကျေးရွာ၊ ကကျဲ၊ စံပြ၊ တောရွာ၊ ညောင်လှ ၊ ဖြူထွား၊ ရွာလု၊ ကြို့ပင်သာ၊ မှန်တောကျေးရွာများ မှီခိုအားထားနေရသည့် သောက်သုံးရေကန်ကြီး ဖြစ်ကြောင်း သိရသည်။


အဆိုပါ ဒေသဖွံ့ဖြိုးရေးအတွက် ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၊ စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ တောင်ဇင်းနယ်မြေမီးသတ်စခန်းမှ ရေဂါလန် ၁၆၀၀ ဆံ့ မီးသတ်ကား နှစ်ခေါက်ဖြင့် ရေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။


သတင်း - ကိုကြေးမုံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)