ကျိုက်မရောမြို့နယ်၌ သဘာဝဘေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် လူကုန်ကူးမှုဆိုင်ရာ ပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်မရောမြို့နယ်၌ သဘာဝဘေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် လူကုန်ကူးမှုဆိုင်ရာ ပညာပေးဟောပြောပွဲကျင်းပ



MNP - သြဂုတ်   ၉


ကျိုက်မရောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍  အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အ.ထ.က ရေတွင်းကုန်းကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။


ဟောပြောပွဲတွင် အ.ထ.က ရေတွင်းကုန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မြသက်မွန်က ဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက လူကုန်ကူးမှု အန္တရာယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်တို့ကို အသိပညာပေးဟောပြောခြင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဒေါ်သဇင်ဖြိုးမြတ်က စားသုံးသူကာကွယ်ရေးအကြောင်း ပညာပေး ဟောပြောကာ ကျောင်းသား၊ ကျောင်းသူများအား အန္တရာယ်ရှိသော အစားအစာများအား ပရိုဂျက်တာဖြင့် ပြသဟောပြောခဲ့သည်။ ထို့နောက် မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးတင်သောင်းဦးက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးငြိမ်းသတ်မှု လက်တွေ့သရုပ်ပြ လေ့ကျင့်ခြင်းကို ပြသဆောင်ရွက်ခြင်း သဘာဝဘေးအန္တရာယ်နှင့် မုန်တိုင်းအဆင့် သတ်မှတ်ခြင်းများကို အသိပညာပေး ဟောပြောခဲ့သည်။


ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ဝေသော စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များကို မြို့နယ်တာဝန်ခံဦး အောင်ညီညီခန့်မှ ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်ခဲ့ပြီး အသိပညာပေး ဗီနိုင်းများ၊ နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ ကျောင်းသား/ ကျောင်းသူများ ဆရာမများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။


သတင်း - ချိုမြတ်မြတ်ထွေး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)