နည်းပညာတက္ကသိုလ်(မြိတ်)တွင် ယာဉ်စည်းကမ်း/လမ်းစည်းကမ်း၊ လူကုန်ကူးမှုတားဆီးတိုက်ဖျက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နည်းပညာတက္ကသိုလ်(မြိတ်)တွင် ယာဉ်စည်းကမ်း/လမ်းစည်းကမ်း၊ လူကုန်ကူးမှုတားဆီးတိုက်ဖျက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲကျင်းပ

 


MNP - ဩဂုတ်   ၁၀


တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ နည်းပညာတက္ကသိုလ်တွင် ဆရာ/မများနှင့် ကျောင်းသား/ သူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ယာဉ်စည်းကမ်း/လမ်းစည်းကမ်းလိုက်နာတတ်စေရန်၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုတားဆီးတိုက်ဖျက်ရေးဆိုင်ရာများကို သိရှိနားလည်ပြီး သတိပြုရှောင်ရှားတတ်စေရန်အတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့က တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့သည်။


အသိပညာပေးဟောပြောပွဲ၌ အမှတ်(၇၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မြိတ်)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးကျော်နိုင်လင်းက ယာဉ်စည်းကမ်း/လမ်းစည်းကမ်းအကြောင်းကိုလည်းကောင်း၊ အမှတ်(၁)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(မြိတ်)မှ ရဲအုပ်ဌေးအောင်က လူကုန်ကူးမှုတားဆီးတိုက်ဖျက်ရေးဆိုင်ရာ အကြောင်းကိုလည်းကောင်း၊ အမှတ်(၃၅)မူးယစ်တပ်ဖွဲ့စု(မြိတ်)မှ တပ်ဖွဲ့စုမှူး ရဲမှူးဆန်းညွန့်အောင်က မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။


ဟောပြောပွဲတွင် ယာဉ်မတော်တဆဖြစ်ရသည့်အကြောင်းအရင်းများ၊ မော်တော်ဆိုင်ကယ်စီးလျှင် လိုက်နာရမည့်အချက်များ၊ လမ်းညွှန်အမှတ်အသား ဆိုင်းဘုတ်များအကြောင်း၊ ယာဉ်အန္တရာယ်/လမ်းအန္တရာယ်ကင်းဝေးစေရန် လိုက်နာရမည့်အချက်များ၊ လူမှောင်ခိုနှင့် လူကုန်ကူးအဓိပ္ပာယ်၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လူကုန်ကူးဖြစ်စဉ်များ၊ လူကုန်ကူးခံရ နိုင်သူများ၊ ဆိုးကျိုးများ၊ သတိပြုရှောင်ရှားရန်အချက်များ၊ မူးယစ်အစဆေးလိပ်က၊ ကွမ်းစားသုံးခြင်းအန္တရာယ်နှင့် သတိပေးနိုးဆော်ချက်များ၊ ခံတွင်းကင်ဆာဖြစ်ပွားခြင်း၊ မူးယစ် ဆေးဝါးအကြောင်းသိကောင်းစရာများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်၏ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးဥပဒေ၊ နည်းဥပဒေများနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းကို တာဝန်ရှိသူများက ကျောင်းသား/သူအား Power Point ဖြင့် အကျယ်တဝင့် ဟောပြောခဲ့ကြကြောင်း သိရသည်။


သတင်း - ခိုင်ထူး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)