ငပုတောမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငပုတောမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်



MNP - ဩဂုတ်   ၃၁


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ ငရုတ်ကောင်းမြို့နှင့် ဟိုင်းကြီးကျွန်းမြို့များ တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းကို အဖွဲ့ (၂)ဖွဲ့ဖြင့် ဩဂုတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာအဖွဲ့ (၂)မှ အဖွဲ့ခေါင်းဆောင် ဗိုလ်မှူး ဖြိုးသူ‌ကျော်နှင့် အဖွဲ့ဝင်များသည် သဲဖြူကျေးရွာအုပ်စုရှိ သဲဖြူကျေးရွာ အလယ်တန်းကျောင်းနှင့် ကနစိုးကုန်းကျေးရွာ အလယ်တန်းကျောင်းခွဲတို့အား သွားရောက်ပြီး အဆိုပါ ကျောင်းများရှိ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံကာ လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ ကြသည်။ ပြီးနောက် သဲဖြူကျေးရွာရှိ ဝိဇိတာရုံဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့် ကျေးရွာအတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေး၊ အကြမ်းဖက် အဖွဲ့အစည်းများနှင့် ပတ်သက် ဆက်နွယ်မှုမရှိစေရေး၊ ထွက်ပြေးတိမ်းရှောင်နေသူများ နေရပ်ပြန်လာစေရေး၊ သဘာဝဘေးကြိုတင် ကာကွယ်ရေး၊ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းတက်ရောက်စေရေး အလယ်တန်း၊ အထက်တန်း သင်ယူပြီးမြောက်စေ‌ရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန် စေရေး၊ ပညာရေးဌာနမှ CDM ဝန်ထမ်းများ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်စေရေး၊ နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု စာရင်းပြုလုပ်နိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံနိုင်ရေး၊ ရောဂါဖြစ်ပွားမှု လျော့နည်းစေရေး အတွက် ကြိုတင်ကာကွယ်နိုင်ရေး၊ ပြည်သူ့လုံခြုံရေး အဖွဲ့အစည်းများ ပူးပေါင်း၍ လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေးတို့ကို အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ပြည်သူများ၏ သိရှိလိုသည့် မေးမြန်းမှုများအား သက်ဆိုင်ရာဌာနများမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ပြီးနောက် မှတ်ပုံတင်၊ အိမ်ထောင်စု စာရင်းများပြုလုပ်ပေးခြင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ကျန်းမာရေးပြုစုစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ကြည့်ရူအားပေးခဲ့သည်။ ဆက်လက်၍ အဆိုပါအဖွဲ့သည် သဲဖြူကျေးရွာအုပ်စု၊ ညောင်ဝိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ပြည်သူများက ညောင်ဝိုင်းကျေးရွာရှိ ရွာအဝင် ကိုယ်ထူကိုယ်ထ ကွန်ကရစ်တံတားပေ(၂၇၀)၏ တစ်ဖက်တစ်ချက်ရှိ ချဉ်းကပ်များမှာ တောင်ကျ ချောင်းရေကြောင့် ပျက်စီးဆုံးရှုံးမှုများအား ကျေးလက်‌နေပြည်သူများမှ တင်ပြလာမှုအ‌ပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ပြီး အဆိုပါ ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်အား ပစ္စည်း(၄)ပါး ထောက်ပံ့လှူဒါန်းခဲ့ကြသည်။ ထို့နောက် သဲဖြူကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာအလယ်တန်းကျောင်း ခွဲသို့ သွားရောက်ပြီး လိုအပ်ချက်များအား ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။ အလားတူ ဟိုင်းကြီးကျွန်းမြို့သို့ အဖွဲ့(၁)မှ အဖွဲ့ ခေါင်းဆောင် ရဲမှူး မြင့်ရွှေနှင့် အဖွဲ့ဝင်များသည် ဖောင်တိုးကျေးရွာအုပ်စုနှင့် ငပြေမကျေးရွာအုပ်စုများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)