မြို့သစ်မြို့နယ်အတွင်းရှိ နိုင်ငံဝန်ထမ်းအငြိမ်းစား ပင်စင်စားများအား ပင်စင်လစာများ ဆက်လက် ထုတ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့သစ်မြို့နယ်အတွင်းရှိ နိုင်ငံဝန်ထမ်းအငြိမ်းစား ပင်စင်စားများအား ပင်စင်လစာများ ဆက်လက် ထုတ်ပေး

 



MNP - ဩဂုတ်   ၂၅


မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံဝန်ထမ်း ပင်စင်စားများအား မြန်မာ့စီးပွားရေးဘဏ်မှ ယမန်နေ့နံနက်က ပင်စင်လစာများ ဆက်လက်ထုတ်ပေးလျှက်ရှိကြောင်း သိရသည်။


မြို့သစ်မြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၅၂)အုပ်စုတို့မှ သက်ကြီးဘိုးဘွားနိုင်ငံဝန်ထမ်း အငြိမ်းစားပင်စင်စားစုစုပေါင်း (၁၂၁၂)ဦးရှိပြီး အုပ်စုများခွဲ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ လိုက်နာကာ နှာခေါင်းစည်းများတပ်ခြင်း၊ တုံကင်ပြားများဖြင့် အလှည့်ကျတန်းစီပြီး နိုင်ငံသားစိစစ်ရေးကဒ်ပြားများဖြင့် ဘဏ်ရုံးရှေ့တွင် သေချာစီစစ်ဆောင်ရွက်ကာ ထုတ်ပေးပြီး ထုတ်ယူရန်ကျန်ရှိနေသေးသည့် အငြိမ်းစားပင်စင်စားများအား စက်တင်ဘာလဆန်းတွင် ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာထံမှ သိရှိရသည်။


သတင်း - သန်းဝင်းထွန်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)