မောင်တောမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော





MNP ၊ ဩဂုတ်   ၁၀

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ မောင်တောမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန ၊ ပညာရေး နှင့် လေ့ ကျင့်ရေးဦးစီးဌာန ၊နယ်စပ် ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် အမှတ်(၁) လူကုန်ကူးမှု အန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်  အဆိုပါ ကျောင်းခန်းမ တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။ 

ရှေးဦးစွာ နယ်စပ် ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းအုပ်ဆရာကြီး ဦးစစ် အောင်က  အသိပညာပေးဟောပြောပွဲပြုလုပ်ပေးရခြင်းနှင့်ပတ်သတ်၍ ပြောကြားပြီး အမှတ်(၁) လူကုန်ကူးမှု တား ဆီး နှိပ်နင်းရေး ရဲတပ်ဖွဲ့စိတ်(မောင်တော)မှ တပ်ဖွဲ့စိတ်မှူး  ဒုတိယရဲမှူး စံမင်းက  လူကုန်ကူးမှုဖြစ် ပေါ် ရသည့် အကြောင်းအရင်းများ ၊ လူတစ်ဦးသည် အခြားတစ်ဦးကို အဓမ္မ ပြည့်ဆန်တာလုပ်ခိုင်းစေခြင်းများ ၊ အခြားကာမဆိုင်ရာ ကိစ္စတစ်မျိုးမျိုးပြုလုပ်စေခြင်း ၊ ကျွန်ပြုခြင်း ၊ ကျေး ကျွန်ကဲ့သို့ ခိုင်းစေခြင်း၊ အခြား လူတစ်ယောက်ဆီမှ ခန္ဓာကိုယ်အစိတ်အပိုင်းအား ထုတ်ယူဖယ်ရှားခြင်း ၊ ရောင်း စားခြင်း စသည့်တိုကို ပြုလုပ် ရာမှ ငွေကြေးကိုသော်လည်းကောင်း ၊ အကျိုးအမြတ် တစ်စုံတစ်ရာ ကိုသော် လည်းကောင်း ၊ လက်ခံ ခြင်း(သို့မဟုတ်) လက်ခံရယူရန် သဘောတူခြင်း ၊လုပ်အားခ လစာများ ခေါင်းပုံဖြတ် ခြင်းများ ၊ အမျိုး သမီး များအပေါ် လူကုန်ကူးမှု အခြေအနေများ ၊ တရုတ် နိုင်ငံသို့ ရောင်းစားပြီး တရားမဝင် ပေါင်းသင်းနေထိုင်မှုများ ၊ အမျိုးသားများအား ငါးဖမ်းလှေများတွင် အသုံး ပြုနေမှုများ ၊ မည်သူမဆို အမျိုး သမီးများ ၊ ကလေးသူငယ် နှင့် လူငယ်များအား လူ ကုန်ကူးမှု ကျူးလွန် ကြောင်းပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ထောင် ဒဏ် ၁၀ နှစ်မှ အများ ဆုံး  ထောင်ဒဏ် တစ်သက်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း စသည့် ပြစ်မှှု ၊ ပြစ်ဒဏ် များ  ဆောင်ရန် ၊ရှောင်ရန်များ မြန်မာနိုင်ငံအတွင်း လူကုန်ကူးမှု တိုင်ကြား နိုင်ရန်အတွက်  လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ အရေးပေါ်ဆက်သွယ်ရရှိနိုင် သည့် ဖုန်းနံပါတ် များ အား ပြောကြားကာ  လူ မှောင်ခိုကူးမှု နှင့် လူကုန်ကူးမှု အခြေအနေများအား အကျယ် တ ဝင့် ရှင်းလင်းပြော ကြားခဲ့သည်။ 

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အမှတ်(၁) လူကုန်ကူးမှု တားဆီး နှိပ်နင်းရေး ရဲတပ်ဖွဲ့စိတ် (မောင်တော)မှ တပ်ဖွဲ့စိတ်မှူး  ဒုတိယရဲမှူး စံမင်း နှင့် တပ်ဖွဲ့ဝင်များ ၊ နယ်စပ်ဒေသ တိုင်းရင်း သားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးစစ်အောင်နှင့် ဆရာ၊ဆရာမများ ၊ကျောင်းသား/ သူများ စုစုပေါင်း(၁၅၀)ခန့် တက်ရောက်ခဲ့ကြပြီး လူကုန်ကူးမှု တားဆီး နှိပ်နင်းရေး ရဲတပ်ဖွဲ့စိတ်မှ အသိ ပညာပေး လက်ကမ်း စာစောင် များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။


သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)