MNP - ဩဂုတ် ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ စားသုံးသူရေးရာဦးစီးဌာနမှဦးစီး၍ ယမန်နေ့နေ့လယ်ပိုင်းတွင် နေပြည်တော်ကောင်စီအတွင်းရှိ ဝန်ထမ်းများကို စားသုံးဆီများအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ရောင်းချမှုတွင် နေပြည်တော်စားသုံးသူရေးရာဦးစီးဌာနမှဦးစီး၍ နေပြည်တော်ကောင်စီအတွင်းရှိ ဝန်ထမ်းများကို ဈေးနှုန်းသက်သက်သာသာနှင့် အရည်အသွေးကောင်းစွာ စားသုံးနိုင်ရန်အတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့်ပူးပေါင်း၍ စားသုံးဆီများအား ဈေးနှုန်းချိုသာစွာဖြင့် စားသုံးသူများ လက်ဝယ်အရောက် ရောင်းချပေးခြင်းဖြစ်ပြီး စားသုံးဆီတစ်ပိဿာလျှင် ၄၇၀၀ ကျပ်နှုန်း၊ တစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် ဆီပိဿာချိန် (၂၈၀၀)အားရောင်းချပေးခဲ့ကြောင်း သိရှိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment