ရမည်းသင်းမြို့နယ်၌အခြေခံလူတန်းစားများအတွက် သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမည်းသင်းမြို့နယ်၌အခြေခံလူတန်းစားများအတွက် သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများရောင်းချပေး

 


MNP - ဩဂုတ်   ၂၅


မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ မြန်မာနိုင်ငံဆီကုန်သည်အသင်းနှင့် ရမည်းသင်းမြို့နယ်ဆီလုပ်ငန်းရှင်များအသင်းတို့ ပူး ပေါင်း၍ အခြေခံလူတန်းစားများအတွက် သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများရောင်းချပေးခြင်းကို ယနေ့နံနက် ၁၀နာရီက ရမည်းသင်းမြို့၊ မြို့မအုပ်စု၊ ရှမ်းဝိုင်းရပ်ကွက် ဦးစိုးဝင်းနေအိမ်၌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။


စားသုံးဆီများကို အခြေခံလူတန်းစားများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ရောင်းချပေးရာတွင် သတ်မှတ်ရည်ညွှန်းဈေးတစ်ပိဿာ (၅၅၀၀)ကျပ်နှုန်းဖြင့် တစ်အိမ်ထောင်လျှင် ၅၀ ကျပ်သားကိုဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းဖြစ်ကြောင်း  သိရသည်။


ရမည်းသင်းမြို့နယ် ဆီကုန်သည်များအသင်းမှ အခြေခံလူတန်းစားများအားတစ်ရက်လျှင် ဆီပိဿာ(၅၅၀)ရောင်းချပေးကာ တစ်ပတ်ကို(၆) ရက်ဖြင့် ရပ်ကွက်၊ ကျေးရွာများအရောက် ရောင်းချပေးလျက်ရှိကြောင်း မြို့နယ်ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌထံမှ သိရသည်။


သတင်း - ဇော်ဝင်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)