မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှု အစီအစဉ်အဖြစ် သွားနှင့်ခံတွင်း ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းနှင့် စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှု အစီအစဉ်အဖြစ် သွားနှင့်ခံတွင်း ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းနှင့် စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်


MNP - သြဂုတ်    ၁၁


ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းကျန်းမာရေး ရက်သတ္တပတ် လှုပ်ရှားမှုများအနေဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ စတင်ဆောင်ရွက်လျက်ရှိရာ  ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်တွင် အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း၌ သွားနှင့်ခံတွင်းကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် စစ်ဆေးကုသပေးခြင်းများအား တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးအသိပညာ ဗဟုသုတများတိုးပွားစေရေးအတွက် ကျန်းမာစွာနေထိုင်နည်းများ၊ အစာအာဟာရအုပ်စုများနှင့် သွားနှင့်ခံတွင်းဆိုင်ရာ ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများကို ဟောပြောပေးခဲ့ကြသည်။ ထို့နောက် ကျောင်းသား/ ကျောင်းသူများအား သွားတိုက်နည်းစနစ်များနှင့် လက်ဆေးနည်းစနစ်များကို လက်တွေ့သရုပ်ပြခဲ့ပြီး ခံတွင်းရောဂါနှင့် သွားရောဂါများအား  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးတာဝန်ခံ ဒေါက်တာ မိုးမြတ်နိုးဖြူနှင့် ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထို့နောက် ကျောင်းသား/ ကျောင်းသူများအား စာသင်ကျောင်းတွင် အသုံးပြုရန် သွားတိုက်ဆေးများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျောင်းအုပ်ဆရာမကြီးထံသို့ လှူဒါန်းပေးခဲ့ကြောင်းလည်း သိရသည်။


အဆိုပါ ကျောင်းကျန်းမာရေး ရက်သတ္တပတ်ကို သြဂုတ်လ ၈ ရက်နေ့မှ သြဂုတ်လ ၁၃ ရက်နေ့အထိ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး အဓိကလုပ်ငန်းစဉ်များဖြစ်သည့် ကျန်းမာရေးအသိပညာပေးရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေး၊ ကျောင်းအခြေပြုရောဂါ ကာကွယ်ရေး၊ ကျောင်းတွင်းအာဟာရဖွံ့ဖြိုးရေးနှင့် အစားအစာများ အန္တရာယ်ကင်းဝေးရေးနှင့် ကျောင်းကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၃၀) တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း တာဝန်ရှိသူများထံမှ သိရသည်။


သတင်း - ချစ်စုဝေ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)