ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးလျာထား ဧကထက်ပြည့်မီကျော်လွန် စိုက်ပျိုးနိုင်ရန်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးလျာထား ဧကထက်ပြည့်မီကျော်လွန် စိုက်ပျိုးနိုင်ရန်ဆောင်ရွက်



MNP - ဩဂုတ်   ၉


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများမှ စားနပ်ရိက္ခာဖူလုံ၍ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားပြီး၊ တိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မိုးစပါး(၄၆၇၅၄)ဧက စိုက်ပျိုးရန်လျာထား ဆောင်ရွက်ခဲ့ရာ လက်ရှိတွင်(၄၂၅၂၄) ဧကစိုက်ပျိုးနိုင်ခဲ့ပြီးဖြစ်ရာ လျာထားချက်ပြည့်မီရန် (၄၂၃၀)ဧက စိုက်ပျိုးရန်ကျန်ရှိ‌နေသေးကြောင်း သိရသည်။  


ပေါက်ခေါင်းမြို့နယ်၌ မိုးစပါးဧကပြည့်မီကျော်လွန် အောင်စိုက်ပျိုးနိုင်ရန်အတွက် ဒေသရာသီဥတုနှင့် ကိုက်ညီသည့်အထွက်နှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့်စပါး မျိုးများကို ပြောင်းလဲစိုက်ပျိုးကြပြီး၊ တောင်သူများအနေဖြင့် ရတနာတိုး၊ မှော်ဘီဆန်း၊ မနောသုခနှင့် GW-11 မျိုးစပါးများကို အများဆုံးစိုက်ပျိုးကြသည်။ မိုးစပါးစိုက်ပျိုးရာတွင် တောင်သူများအနေဖြင့် ပျိုးထောင်စိုက်ပျိုးခြင်း၊ သတန်ကြဲပက်စိုက်ပျိုးခြင်း၊ မျိုးစေ့ချကိရိယာဖြင့် အစေ့ချစိုက်ပျိုးခြင်းများကို နေရာဒေသအလိုက်အမျိုးမျိုး စိုက်ပျိုးကြပြီး၊ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရေး၊ မိုးစပါးလျာထားဧကပြည့်မီ‌ ကျော်လွန်စိုက်ပျိုးနိုင်ရန်နှင့် ပိုးမွှားကျရောက်မှုမရှိစေရေး စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးလုပ်ငန်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ကျေးရွာတောင်သူများနှင့် ပူးပေါင်း၍ ကျေးရွာစိုက်ခင်းများ အရောက် ပံ့ပိုးကူညီပေးလျက်ရှိကြောင်း သိရသည်။


သတင်း - သန်းထွန်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)