မိတ္ထီလာမြို့နယ်တွင် အထူးဇုံ စိုက်ဧက ၄၅၀ စိုက်ပျိုးသွားမည့် မိုးနှောင်းချည်မျှင်ရှည်ဝါများ စတင်စိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာမြို့နယ်တွင် အထူးဇုံ စိုက်ဧက ၄၅၀ စိုက်ပျိုးသွားမည့် မိုးနှောင်းချည်မျှင်ရှည်ဝါများ စတင်စိုက်ပျိုး



MNP - သြဂုတ်   ၂၅

 

မိတ္ထီလာမြို့နယ်တွင် အထူးဇုံစိုက်ဧက ၄၅၀ စိုက်ပျိုးသွားမည့် မိုးနှောင်းချည်မျှင်ရှည်ဝါများ စတင်စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပြောင်းလဲလာသည့်ရာသီဥတုနှင့်အညီ လိုက်လျောညီထွေဖြစ်ပြီး စိုက်ပျိုးထုတ်လုပ်သည့်နေရာမှာ တစ်ဧက အထွက်တိုးပြီး ဝင်ငွေတိုးနိုင်သည့် သီးနှံမှာဝါသီးနှံဖြစ်၍ ဝါသီးနှံကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် ဒေသခံတောင် သူလယ်သမားမှာ လူမှု စီးပွားဘဝဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ချည်မျှင်ရှည်ဝါ အထူးဇုံများ စိုက်ပျိုး လျက်ရှိသည်။ ထိုသို့ စိုက်ပျိုးလျက်ရှိရာ ယခုနှစ် မိုးနှောင်းချည်မျှင်ရှည်ဝါ အထူးဇုံ စိုက်ဧကများကို ဇူလိုင်လ တတိယအပတ်မှ စတင်၍ အင်း၊ ကွက်ငယ်၊ ဝါးရုံ၊ ရေချို၊ ညောင်ဇောက်၊ လိန်တော၊ ရွှေစစ်သည် စသည့်ကျေးရွာအုပ်စုများမှ တောင်သူ ၁၉၁ ဦးက ကွင်း ၁၄ ကွင်းရှိ စိုက်ဧက ၄၅၀ တွင်  စိုက်ပျိုးလျက်ရှိသည်။


ယင်းသို့ အထူးဇုံများ စိုက်ပျိုးရာတွင် ချည်မျှင်ရှည်ဝါ ရွှေတောင် (၁၀)ကို စိုက်ဧက ၄၁၈ ဧက စိုက်ပျိုးသွားမည်ဖြစ်ပြီး ချည်မျှင်ရှည်ဝါ ရွှေတောင် (၈)ကို စိုက်ဧက ၄၂ ဧက စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရသည်။


သတင်း - သိန်းမြင့်ကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)