မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပ


MNP ၊  ဩဂုတ် ၂၆

မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပနိုင်ရေးအကြိုညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်သည်။ 

ရှေးဦးစွာ သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်နေ့တွက် ကျရောက်မည့်  မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်အထိမ်းအမှတ်ပြိုင်ပွဲများအား သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်နိုင်ရေးကိစ္စများကို  ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသည့် မြို့နယ်ရဲတပ်ဖွဲ့မှူး ၊ အမှတ်(၂၄)ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ ယာယီတပ်ဖွဲ့စုမှူး၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး  ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူးနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့က ဟောပြောပွဲနှင့်အထိမ်းအမှတ်ပြိုင်ပွဲများကျင်းပရေးနှင့်ပတ်သက်၍ ပူးပေါင်းပါဝင်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြရာ ခရိုင်ဦးစီးအရာရှိ လက်ထောက် ညွှန်ကြားရေးမှူးက ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့သည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် စာစီစာကုံးပြိုင်ပွဲများ ကျင်းပပြုလုပ်ရန် အကြိုညှိနှိုင်းဆွေးနွေး ခဲ့ကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)