မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် ယဉ်တိုက်မှုဖြစ် ပေါ်ရာ အတိုက်ခံရပြီး ဆေးရုံတွင် သေလုမျောပါး ဖြစ်နေသူကို ယာဉ်အမှုစစ်က တရားစွဲဆိုမည်ဟု ပြောဆိုကြောင်း မိသားစုဝင်တစ်ဦး ပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် ယဉ်တိုက်မှုဖြစ် ပေါ်ရာ အတိုက်ခံရပြီး ဆေးရုံတွင် သေလုမျောပါး ဖြစ်နေသူကို ယာဉ်အမှုစစ်က တရားစွဲဆိုမည်ဟု ပြောဆိုကြောင်း မိသားစုဝင်တစ်ဦး ပြော



MNP ၊ သြဂုတ် ၂၆

ယမန်နေ့ ၂၅-၈-၂၀၂၂ ရက်နေ့ ညနေ ၅ ၀၀ နာရီဝန်းကျင်ခန့်က ပြည်ကြီးတံခွန်မြို့နယ်၊ ထိန်ကုန်းရပ်ကွက်မှ (၆)တန်းကျောင်းသူ မချွန်ရတီ ကို ကြို၍ ဦးတင်ရွှေက ဆိုင်ကယ်ဖြင့် ပြန်လာစဉ် အမရပူရမြို့နယ်၊ မိုင်တိုင်အမှတ် ၃၄၅ အနီးတွင် 8J/9256 Hiace မော်တော်ယာဉ် က ဝင်တိုက်မှု ဖြစ်ပေါ်ခဲ့ရာ ၆တန်းကျောင်းသူ မရွှန်းရတီတွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာ ရရှိခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သည့် အသက်(၆၀)ကျော်အရွယ် ဦးတင်ရှိန် မှာ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

အခင်းဖြစ်အခြေအနေနှင့် ပတ်သက်၍ ဦးတင်ရွှေ၏ သားမက်ဖြစ်သူ ကိုဇော်ထိုက် က "အတိုက်ခံရတာက ကျွန်တော့်ယောက္ခမ၊ သူက ကလေးကို ကျောင်းကြိုပြီး ပြန်လာတာ။ ကျောင်းသူလေးက ဦးခေါင်းပေါက်ပြဲဒဏ်ရာ ရရှိခဲ့ပါတယ်။ မန္တလေးဆေးရုံကြီးကနေ ဓာတ်မှန်ရိုက်ထားပါတယ်။ သူကတော့ ဆေးကုသပြီး ဆေးရုံက ဆင်းလာခဲ့ပါပြီ။ ယောက္ခမကြီး အခြေအနေနဲ့ ပတ်သက်လို့တော့ ဆရာဝန်က ပြောတယ်။ စိုးရိမ်ရတယ်တဲ့။ နံရိုးတွေလည်း ကျိုးသွားတယ်။ ခြေထောက်တွေလည်း ကျိုးသွားတယ်ပေါ့နော်။ ဦးခေါင်းကကြတော့ ဦးနှောက်ထဲ သွေးယိုတဲ့အတွက် အဲဒါ လုံးဝ စိုးရိမ်ရတယ်တဲ့။ လူနာက မနေ့ကစပြီး အခုချိန်အထိကို သတိမရသေးဘူး။" ဟု ပြောသည်။

အမှုဖြစ်စဉ်နှင့် ပတ်သက်၍ အမှုစစ်က ဆောင်ရွက်ပေးနေသည့်အခြေအနေနှင့် ပတ်သက်၍ ကိုဇော်ထိုက် က "ယာဉ်မှုစစ်ရုံးကို ကျွန်တော်သွားကြည့်တဲ့အခါကြတော့ ကားကိုတော့ တွေ့တယ်။ ယာဉ်မှုစစ်ရုံးက ချမ်းမြသာစည်မြို့နယ်၊ ၄၅ လမ်း၊ ၁၁၆ × ၁၁၇ အောင်ပင်လယ်နားမှာပါ။ ယာဉ်အမှုစစ်က ဒုရဲအုပ်စည်သူပါ။ ဒုရဲအုပ်စည်သူက ခင်ဗျားတို့ လူမှုရေးအရ ညှိကြည့်အုံး ဆိုတဲ့အခါကြတော့ ကားသမားက ကျွန်တော်တို့ကို ဆေးဖိုးဝါးခ ဆယ်သိန်းပဲ ပေးနိုင်မယ်ပေါ့နော်။ ကားသမားဘက်က ပြောတဲ့စကားပါ။ ကျွန်တော့် လူနာက တအားစိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတဲ့အတွက် ဆေးရုံကို တစ်ခေါက်လောက် လိုက်ကြည့်ပေးပါလို့ ခေါ်တော့ လိုက်ကြည့်တယ်။ အခု ဆေးရုံက ပြန်လာတဲ့အခါကြတော့ လူနာက လုံးဝ စိုးရိမ်ရတဲ့ အခြေအနေကို တွေ့ပြီးတော့ ဒုရဲအုပ်စည်သူ က ဘာပြောသလဲဆိုတော့ ခင်ဗျားတို့ မပြေလည်ဘူးဆိုရင် ကျွန်တော် လုပ်စရာရှိတာ ဆက်လုပ်မှာလို့ ပြောတော့ လုပ်စရာရှိတာ ဘယ်လိုဆက်လုပ်မှာတုံးလို့ မေးတဲ့အခါကြတော့ ခင်ဗျားတို့ကို တရားစွဲမှာတဲ့။ သူက။ ကားသမားကို တရားမစွဲဘူး။ ကျွန်တော်တို့ အတိုက်ခံရတဲ့သူကို တရားစွဲမှာဆိုတော့ ဆရာ မှားနေပြီနဲ့ထင်တယ်နော်ဆိုတော့ မဟုတ်ဘူး ခင်ဗျားတို့ကို တရားစွဲမှာတဲ့။ ကားသမားကို တရားမစွဲဘူးလား ဆရာဆိုတော့ ကားသမားကို ကျွန်တော်က မစွဲဘူးတဲ့။ အဲဒါဆို ဆေးရုံမှာ သေလုမျောပါးဖြစ်နေပြီ။ သေသွားခဲ့ရင် ဆရာဘယ်လို တာဝန်ယူမှာတုံးဆိုတော့ သူတာဝန်မယူနိုင်ဘူးတဲ့။ ကားသမားကိုကြတော့ လွှတ်ပေးလိုက်မှာပေါ့နော်။ ကျွန်တော့်ဘေးမှာ ကားသမားလည်း ရှိတယ်။ သူက အဲဒီလို ပြောလိုက်တာ။" ဟု ပြန်လည်ရှင်းပြပြောဆိုသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)