ဘိုကလေးမြစ်အတွင်း မြစ်သဲလုပ်ကွက်အား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘိုကလေးမြစ်အတွင်း မြစ်သဲလုပ်ကွက်အား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု



MNP - ဩဂုတ်   ၁၀


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အတွက် မြစ်သဲစုတ်ယူ ထုတ်လုပ်ခွင့်အား လုပ်ငန်းရှင်တစ်ဦးမှ သက်ဆိုင်ရာသို့ တင်ပြ လျှောက်ထားရာ အဆိုပါ လုပ်ပိုင်ခွင့် တင်ပြလျှောက်ထားသည့် နေရာဖြစ်သော ဘိုကလေးမြို့နယ်၊ ပတ္တမြားကုန်းကျေးရွာအုပ်စု၊ ကံစုကျေးရွာအနီးရှိ ဘိုကလေးမြစ် အတွင်းမှ မြစ်သဲလုပ်ကွက်နေရာအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းနှင့် အဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် မြို့နယ်ဌာနဆိုင်ရာ များမှ ယမန်နေ့ မွန်းတည့် (၁၂)နာရီက ကွင်းဆင်းစိစစ်ကြည့်ရှုခဲ့သည်။


အဆိုပါ မြစ်သဲလုပ်ကွက် လျှောက်ထားသည့် အကျယ်အဝန်းမှာ မြစ်ကမ်းနံဘေးမှ ရေလယ်ဘက်သို့ ပေ(၃၀၀) အကျယ်အဝန်းဖြစ်ပြီး လုပ်ပိုင်ခွင့် ခွင့်ပြုပေးနိုင်ရေးအတွက် အဆင့်ဆင့် ဆက်လက်တင်ပြရန် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့မှ ကွင်းဆင်းစိစစ်ကြည့်ရှုခြင်းဖြစ်ကြောင်း သိရသည်။


ဆက်လက်၍  နေ့လယ်(၁)နာရီခွဲအချိန်၌ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည် ဘိုကလေးမြို့နယ်၊ စံပြဈေးသို့ သွားရောက်၍ စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ စံပြဈေးအဝင်လမ်းရှိ ရတနာစံပြ ပရဟိတကျောင်းတိုက် မျက်နှာစာတွင် ဈေးရောင်းချမှုများအား ခွင့်မပြုစေရန်နှင့် ဈေးအတွင်းမှ နေ့စဉ်ထွက်ရှိ သည့် အမှိုက်သရိုက်များအား စနစ်တကျ စွန့်ပစ်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


သတင်း - မိုးစက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)