ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေး အသိပညာပေးခြင်းနှင့် ကျောင်းသား/ ကျောင်းသူများအား ကျန်းမာရေး စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေး အသိပညာပေးခြင်းနှင့် ကျောင်းသား/ ကျောင်းသူများအား ကျန်းမာရေး စစ်ဆေး




MNP - ဩဂုတ်   ၁၁


မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကျောင်းကျန်းမာရေးဌာနမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်လှုပ်ရှားမှု ကျန်းမာရေး အသိပညာပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး စစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၉နာရီ ၃၀ မိနစ်တွင် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ဆောင်ရွက်ခဲ့သည်။


ကျောင်းကျန်းမာရေးသီတင်းပတ်ဆောင်ရွက်ရာတွင် ကျန်းမာရေးဆရာမ ဒေါ်သင်းသင်းထွန်းက ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ စာသင်ကြားနိုင်ရေးအတွက် တစ်ကိုယ်ရေသန့်ရှင်းရေး လက်ဆေးခြင်း ၊သွားနှင့်ခံတွင်း ကျန်းမာရေး၊ နည်းစနစ်မှန် သွားတိုက်ခြင်း၊ သန့်ရှင်းသော ယင်လုံအိမ်သာ သုံးစွဲရန်နှင့် မိုးတွင်းကာလ ကလေးငယ်များတွင် ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး နည်းလမ်းများအကြောင်းကို ပြောကြားခဲ့သည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအခြေပြု သန်ချဆေးတိုက်ကျွေးခြင်း၊ KGမှ Grade5 အထိကျောင်းသား၊ ကျောင်းသူများအားလုံး ကျန်းမာရေး စစ်ဆေးပေးခြင်း၊ KG ကျောင်းသား/ ကျောင်းသူများအား တစ်ဦးချင်း ကျန်းမာရေး စစ်ဆေးမှု  မှတ်တမ်းကတ်များ  ဖြည့်သွင်းပေးခဲ့သည်။


ကျောင်းကျန်းမာရေး ရက်သတ္တပတ်ဆောင်ရွက်ခြင်းလုပ်ငန်းများကို ဩဂုတ်လ (၇) ရက်နေ့မှ (၁၃)ရက်နေ့ထိနှင့် ဩဂုတ်(၁၅)ရက်မှ (၂၄)ရက်နေ့အထိ သရက်မြို့နယ်အတွင်း အခြေခံ ထက်/လယ်/မူကျောင်းများနှင့် (အခြေခံ၊ ကိုယ်ပိုင်၊ ဘုန်းတော်ကြီးသင်) ကျောင်းများသို့ ကျန်းမာရေးဝန်ထမ်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ဇော်ထက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)