မော်လိုက်မြို့၌ ပိုက်ဆံလျှော် သစ်စိမ်းမြေသြဇာပြုလုပ်သုံးစွဲနည်း ကွင်းသရုပ်ပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လိုက်မြို့၌ ပိုက်ဆံလျှော် သစ်စိမ်းမြေသြဇာပြုလုပ်သုံးစွဲနည်း ကွင်းသရုပ်ပြပွဲကျင်းပ

 


MNP - သြဂုတ်   ၁၀


စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ မြေဆီလွှာအတွင်း အာဟာရဓာတ်ဖွံ့ဖြိုးထက်သန်စေရန်၊ မြေဆီလွှာတိုက်စားမှုမှကာကွယ်ရန်၊ မြေတွင်းအစိုဓာတ်ကို ထိန်းသိမ်းရန်နှင့် ကုန်ကျစရိတ်သက်သာစေရန်အတွက် ပိုက်ဆံလျှော် သစ်စိမ်းမြေသြဇာပြုလုပ်သုံးစွဲနည်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့မ(၁)ရပ်ကွက်၊ သရက်ကုန်းရပ်၊ တောင်သဦးဖြူဖွေး လယ်မြေတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။


ကွင်းသရုပ်ပြပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး၊ ဒေါ်ကြွယ်ကြွယ်လှိုင်နှင့် ခရိုင်မြေအသုံးချရေးတာဝန်ခံ ဒေါ်ခင်ဆွေမြင့်တို့က ပိုက်ဆံလျှော် သစ်စိမ်းမြေသြဇာပြလုပ်သုံးစွဲနည်းများနှင့် ပိုက်ဆံလျှော်သစ်စိမ်းမြေသြဇာသုံးစွဲခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့ကြသည်။


ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ကြွယ်ကြွယ်လှိုင်၊ ခရိုင်/မြို့နယ်စိုက်ပျိုးရေး ဝန်ထမ်းများနှင့် ကွင်းသရုပ်ပြပွဲသို့ တက်ရောက်လာကြသည့် တောင်သူများက တောင်သဦးဖြူဖွေး၏ လယ်မြေတွင် စိုက်ပျိုးထားသည့် ပိုက်ဆံလျှော်ပင်များအား သစ်စိမ်းမြေသြဇာအဖြစ် အသုံးပြုနိုင်ရန် ထွန်ယက်နေမှုတို့အား ကြည့်ရှုအားပေးခဲ့ကြသည်။


အဆိုပါ ပိုက်ဆံလျှော် သစ်စိမ်းမြေသြဇာပြုလုပ်သုံးစွဲခြင်းဖြင့် တောင်သူများအတွက် မြေနေရာမရွေးစိုက်ပျိုးဖြစ်ထွန်းခြင်း၊ မြေတွင်းအာဟာရဓာတ်ကြွယ်ဝစေ၍ မြေသြဇာအဖြစ် အသုံးပြုနိုင်ခြင်း၊ မြေဆီလွှာတိုက်စားမှုမှ ကာကွယ်ပေးခြင်း၊ ပိုးမွှားကျရောက်မှုကို တားဆီးပေးခြင်း၊ သီးနှံအထွက်နှုန်းတိုးတက်လာစေခြင်း၊ ဓာတ်မြေသြဇာသုံးစွဲမှုကို လျော့နည်း၍ ကုန်ကျစရိတ်သက်သာစေခြင်း၊ မျိုးအဖြစ်ထုတ်လုပ်ပါက အပိုဝင်ငွေရရှိနိုင်ခြင်း၊ လျှော်အဖြစ်အသုံးပြုနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


သတင်း - မော်လိုက်သားလေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)