မိုင်းယောင်း၌ ဒေသခံတောင်သူများကို အကျိုးအမြတ်ရရှိစေမည့် ဝမ်မိုင်ရေလွှဲဆည် ဆောင်ရွက်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယောင်း၌ ဒေသခံတောင်သူများကို အကျိုးအမြတ်ရရှိစေမည့် ဝမ်မိုင်ရေလွှဲဆည် ဆောင်ရွက်ပြီးစီး

 


MNP - ဩဂုတ်   ၁၁


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ဒေသခံတောင်သူများကို အကျိုးအမြတ်ရရှိစေမည့် သီးနှံအထွက်နှုန်းရရှိစေရေးအတွက် ဝမ်မိုင်ရေလွှဲဆည် ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းမင်းအောင်နှင့် တာဝန်ရှိသူများက ယမန်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။


ဆည်ရေသောက်ဧရိယာ ၁၂၈ ဧကကို အကျိုးပြုမည့် ဝမ်မိုင်ရေလွှဲဆည်ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ပြည်နယ်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၆၀ ဖြင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဝမ်တပ်ကျေးရွာအုပ်စုနှင့် ဝမ်မန်းကျေးရွာအုပ်စုအတွင်းရှိ ဒေသခံတောင်သူများအတွက် စိုက်ပျိုးရေကို အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်တော့ဖြစ်ကြောင်း သိရသည်။


ထို့ပြင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် Mini Budget ဖြင့် ဆောင်ရွက်ပြီးစီးသော ဆည်ရေသောက်ဧရိယာဧက ၅၀ ကို အကျိုးပြုမည့် ဝမ်မန်း-နမ့်တောင် ရေလွှဲဆည်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


သတင်း - စိုင်းအောင်ဇော်လင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)