မြို့နယ်အဆင့် ကျောင်းကျန်းမာရေး စစ်ဆေးမှုမှတ်တမ်း အသုံးပြုခြင်းဆိုင်ရာ မိတ်ဆက်ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့နယ်အဆင့် ကျောင်းကျန်းမာရေး စစ်ဆေးမှုမှတ်တမ်း အသုံးပြုခြင်းဆိုင်ရာ မိတ်ဆက်ဆွေးနွေး



MNP - သြဂုတ်   ၃၀


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား/ကျောင်းသူများအား    ကူးစက်ရောဂါများနှင့် အခြားရောဂါများ မဖြစ်ပွားစေရေး ကျောင်းကျန်းမာရေးလှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိရာ ဖြူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်းကာ မြို့နယ်အဆင့်ကျောင်း ကျန်းမာရေး စစ်ဆေးမှု မှတ်တမ်းများ အသုံးပြုခြင်းဆိုင်ရာ မိတ်ဆက်ဆွေးနွေးခြင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က အမှတ်(၁)အထကကျောင်း၊ ရာပြည့်ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုတင်(၁၀၀)ဆံ့ ဆေးရုံအုပ်ကြီး ဒေါက်တာ အာကာက ဆောင်ရွက်ရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ဖြူးမြို့နယ် ပညာရေးမှူး ဒေါ်သီသီကြိုင်က နှုတ်ခွန်းဆက် စကားပြောကြားသည်။


ဆက်လက်၍ ဆေးရုံအုပ်ကြီး ဒေါက်တာအာကာနှင့် မြို့နယ်သူနာပြုအဆင့်(၁) ဒေါ်သန်းသန်းဝင်း တို့က တက်ရောက်လာကြသော ဖြူးမြို့နယ်အတွင်း အထက်တန်း/ အလယ်တန်း/မူလတန်းကျောင်းများမှ  တာဝန်ခံကျောင်းအုပ် ဆရာ/ဆရာမ (၂၀၀)ဦးခန့်အား ကူးစက်ရောဂါများဖြစ်သည့် ကိုဗစ်- ၁၉ရောဂါအပါအဝင် အခြားရာသီအလိုက် ဖြစ်ပွားတတ်သည့် ရောဂါများနှင့် ပတ်သက်၍ ကာကွယ်ကုသပေးထားမှု မှတ်တမ်းများထားရှိရေးနှင့် ဖြစ်ပေါ်လာသည့် အခြေအနေများအား အချိန်မီ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး   ရှင်းလင်းဆွေးနွေးခြင်းနှင့် အပြန်အလှန် ညှိနှိုင်းဆွေးနွေးမှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သတင်း - နေမျိုးလွင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)