တမူးမြို့၊ ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တမူးမြို့၊ ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်



MNP - သြဂုတ်   ၂၅


စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှုများ လျော့နည်းပပျောက်စေရန် ရည်ရွယ်၍ ကိုဗစ်ရောဂါပိုး ရှိ/ မရှိစစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို တမူးမြို့ ပြည်သူ့ဆေးရုံတွင် နေ့စဉ်အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင်  မြို့နယ် ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ယနေ့ နံနက်(၈)နာရီအချိန်က ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော ယာဉ်မောင်းနှင ယာဉ်နောက်လိုက်များ၊ သံသယရှိပြည်သူများ၊ ပိုးတွေ့လူနာများနှင့် ထိတွေ့ဆက်စပ်သူများကို စစ်ဆေးပေးခဲ့ပြီး အသက်၁၅နှစ်နှင့်အထက် ပြည်သူများအားလုံးနှင့် အသက် ၅ နှစ်မှ အသက် ၁၈ နှစ်အထိ အခြေခံပညာကျောင်းသူ/ကျောင်းသားများ၊ နို့တိုက်မိခင်များ၊ အသက် ၁၈နှစ်နှင့်အထက် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီးမှုကာလ ၆လနှင့် အထက်ရှိသူများအား ထပ်ဆောင်းကာကွယ်ဆေးအဖြစ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။ 


ကိုဗစ်ရောဂါပိုး စစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး၊ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ရောဂါကာကွယ်ရေးနည်းလမ်းများကိုလည်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်နှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်း - ရတနာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)