နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများသို့ ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနား ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများသို့ ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနား ပြုလုပ်



MNP - ဩဂုတ်   ၃၀


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများသို့ ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်း က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်များအားလုံး မိုးစပါး ရာနှုန်းပြည့် စိုက်ပျိုးပြီးစီးပြီဖြစ်၍ အသီးအနှံအောင်မြင်စေရေး လယ်ကွက်အတွင်း အဖျက်အမှောက်မြက်ပင်များနှင့် ပိုးမွှားရောဂါကျရောက်မှုမရှိစေရေး သက်ဆိုင်ရာဌာနဆိုင်ရာများမှ ကွင်းဆင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မမျှော်မှန်းနိုင်သည့် သဘာဝဘေးအန္တရာယ်ကြောင့် စိုက်ပျိုးပြီးမိုးစပါးများ ပျက်စီးခဲ့ပါက ပြန်လည် အစားထိုး စိုက်ပျိုးနိုင်ရေး အရံပျိုးပင်များ စိုက်ပျိုးထားရန် လိုအပ်ကြောင်း၊ ဆောင်းရာသီတွင် ဆီထွက်သီးနှံ နေကြာစိုက်ပျိုးနိုင်ရေး လိုအပ်သော မျိုးနေကြာများ ကြိုတင်ဝယ်ယူနိုင်ရေး စီစဉ်သွားရမည်ဖြစ်ကြောင်း၊ တစ်မြို့နယ်လျှင် (၁)လ (၁၀)ရွာ စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ကွင်းဆင်းရာတွင် အိမ်တွင်းလက်မှုလုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လက်တွေ့သရုပ်ပြ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ မွေးမြူရေးနှင့်ပတ်သက်၍ နို့စားနွားမွေးမြူခြင်းအပြင် နို့နှင့်နို့ထွက်ပစ္စည်းများအား တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် တိုးတက်ထုတ်လုပ်နိုင်ရေး နည်းပညာပေးခြင်းများ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဒေသအလိုက် တိရစ္ဆာန်အမယ်စုံ မွေးမြူနိုင်ရေး စနစ်တကျ ဆောင်ရွက်သွားရန်နှင့် မွေးမြူသူတိုင်း နေဗီယာမြက်အား စိုက်ပျိုးနိုင်ရေး အသိပညာပေးခြင်းကိုလည်း ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများ အပြေအကြေ ကောက်ခံရရှိရေး ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး  Workshop များ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ လိုင်စင်မဲ့မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ စီးနင်းမှုမရှိစေရေး ထိထိရောက်ရောက် ဆောင်ရွက်ကြရန်၊ လုံခြုံရေးစစ်ဆေးရေး ဂိတ်များတွင် ပေးအပ်ထားသည့်တာဝန်များအတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဌာနဆိုင်ရာရုံးများ လုံခြုံရေးထားရှိရန်နှင့် ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။


ထို့နောက် တက်ရောက်လာသည့် ခရိုင်/မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက အုပ်ချုပ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ဖြည့်စွက်ရှင်းလင်း တင်ပြခဲ့ကြပြီး တင်ပြချက်များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများက အကြံပြုဆွေးနွေးခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)