၂ဝ၂၂ ခုနှစ် ထီလာမောင်ဖလား အမျိုးသားအလွတ်တန်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂ဝ၂၂ ခုနှစ် ထီလာမောင်ဖလား အမျိုးသားအလွတ်တန်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ




MNP - ဩဂုတ်   ၁၁


မိတ္ထီလာမြို့၌  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အားကစားနှင့်ကာယပညာကော်မတီတို့မှ ကြီးမှူး ကျင်းပသည့် ၂ဝ၂၂ ခုနှစ် ထီလာမောင်ဖလား အမျိုးသားအလွတ်တန်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီအချိန်က ပေါက်ချောင်းကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ အဆိုပါဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ကျင်းပရာ ရတနာ(B) အသင်းနှင့် ရွှေလွန်းပျံအသင်း တို့ယှဉ်ပြိုင်ကစားကြရာ ပွဲကစားချိန် ၉ဝ မိနစ်ပြည့်ချိန်တွင် တစ်ဘက်တစ်ဂိုးစီဖြင့် သရေဖြစ်ခဲ့ သည်။ ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် ဆက်လက်ကစားရာ ရတနာ(B) အသင်းက ရွှေလွန်းပျံအသင်းကို ပွဲကစားချိန်တွင် သွင်းယူထားသည့် တစ်ဘက်တစ်ဂိုးစီအပါအဝင် ၆ ဂိုး ၅ ဂိုးဖြင့် အနိုင်ရရှိသွားသည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲကို ကျင်းပရာ ပြိုင်ပွဲကျင်းပစဉ်အတွင်း ကျန်းမာရေ စောင့်ရှောက်မှုအတွက် ကူညီဆောင်ရွက်ပေးခဲ့သည့် ခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များထံသို့ ဂုဏ်ပြုဆုငွေများကို ခရိုင်အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားမှူး ဦးကျော်စိုးနိုင်က ပေးအပ်ချီးမြှင့်သည်။ ဒုတိယဆုရရှိသော ရွှေလွန်းပျံအသင်းအား တစ်ဦးချင်းဆု တံဆိပ်များနှင့် ငွေသားဆုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးကလည်းကောင်း၊ ဂိုးသွင်းအများဆုံးဆုရှိသူ သီးကုန်းအသင်းမှ ကျောနံပါတ် ၁ဝ မောင်ကျော်ဌေးဝင်း အား ဆုကလပ်ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်ဦးကျော်ဇေယျကလည်းကောင်း၊ ပထမဆုရရှိသော ရတနာ(B) အသင်းအား တစ်ဦးချင်းဆုတံဆိပ်များကို ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးလွှမ်း မိုးဟန်ကလည်းကောင်း၊ ပထမဆုရရှိသော ရတနာ(B) အသင်းအား ငွေသားဆုနှင့် ဆုဖလားကို ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်ဇော်ဦး ကလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်သည်။ အဆိုပါ ထီလာမောင် အမျိုးသားအလွတ်တန်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို ဇူလိုင်လ ၂ ရက်နေ့မှ ဩဂုတ်လ ၁ဝရက်နေ့အထိ ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်အသင်း စုစုပေါင်း ၁၅ သင်းပါဝင်ယှဉ်ပြိုင်ခဲ့ ကြောင်းသိရသည်။


သတင်း - ချမ်းသာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)