ဖျာပုံမြို့၌ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖျာပုံမြို့၌ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်ပွဲကျင်းပ



MNP - သြဂုတ်   ၉

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့အမှတ် (၃)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်မှ ကြီးမှူး ဖွင့်လှစ်သော ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်(၉)နာခွဲအချိန်က ဖျာပုံမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။


အဆိုပါ သင်တန်းဖွင့်ပွဲတွင် ဖျာပုံခရိုင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥက္ကဋ္ဌ၊ ဖျာပုံခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်လင်းက "လူကုန်ကူးမှုဟာ လူသားအချင်းချင်း ရောင်းကုန်ပစ္စည်း သဖွယ် သဘောထားကြပြီး နှိပ်စက် ညှင်းပန်းခြင်း၊ လုပ်အားခေါင်းပုံဖြတ်ခြင်း၊ ပြည့်တန်ဆာ ပြုခြင်းများကြောင့် လူကုန်ကူးခံရသူများတွင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ အကျင့် သိက္ခာတို့ကို ညှိးနွမ်းပျက်စီးစေတဲ့အတွက် နိုင်ငံတော်က အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ် ချမှတ်ကာ အရှိန်အဟုန်မြှင့် တိုက်ဖျက်လျက်ရှိကြောင်း၊ လူကုန်ကူးမှုဟာ အခြား ရာဇဝတ်မှုတွေနဲ့မတူဘဲ လူ့အခွင့်အရေးကို ချိုးဖောက်ဆုံးသော ပြစ်မှုဖြစ်တဲ့အတွက် ဥပဒေများ ပြဌာန်းခဲ့ပြီး ဗဟိုအဆင့်မှ မြို့နယ်အဆင့်ထိ ဖွဲ့စည်းဆောင်ရွက်ခဲ့ရာမှ ရပ်ကွက်အခြေပြု လူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးအဖွဲ့များ ဖွဲ့စည်းတာဝန်ပေး ပြဌာန်းထားတဲ့အတွက် ရပ်ကွက်အခြေပြု လူကုန်ကူးမှုစိစစ် ဖော်ထုတ်ရေးအဖွဲ့များအနေဖြင့် လူကုန်ကူးခံရသူတွေကို တွေ့ဆုံမေးမြန်းခြင်း၊ ရပ်ရွာအခြေပြု လူကုန်ကူးမှု စိစစ်ဖော်ထုတ်သည့် မှတ်တမ်းများ ရေးသွင်းရာတွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေနဲ့ အညီ ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်စေရန်နှင့် သင်တန်းသားများအနေဖြင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေ အား အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း" ပြောကြား သည်။


ထို့နောက် ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဒုဥက္ကဋ္ဌ၊ ခေတ္တခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းနိုင်က ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြော ကြားပြီး ဖျာပုံမြို့ အမှတ်(၃) လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့ စိတ်မှတာဝန်ရှိသူများက လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြသည်။ အဆိုပါ သင်တန်းသို့ ဖျာပုံခရိုင် အတွင်းရှိ ရပ်/ကျေးစာရေးများ၊ မီးသတ်တပ်ဖွဲ့၊ လဝက၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီး ရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်ကြက်ခြေနီအသင်းတို့မှ သင်တန်းသား၊ သင်တန်းသူ(၄၆)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ(၉-၈-၂၀၂၂)မှ(၁၁-၈-၂၀၂၂) ရက်နေ့ထိ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ အရာရှိများက သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - အောင်ဝင်းနိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)