စဉ့်ကိုင်မြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကိုင်မြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ



MNP - သြဂုတ်   ၂၆


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ စီမံကိန်းရေးဆွဲနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယမန်နေ့ နံနက်(၉) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ   ဦးဗိုလ်အောင်မောင်မောင်က မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဌာနအလိုက်ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံချက်များကို ဆွေးနွေးတင်ပြသွားကြရန် အမှာစကားပြောကြားပြီး မြို့နယ်စီမံကိန်းဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိမ်းမြမြမော်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ စီမံကိန်းရေးဆွဲရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေ အနေများကို ရှင်းလင်းတင်ပြခဲ့သည်။


ဆက်လက်၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် သက်ဆိုင်ရာဌာနများမှ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်၊ ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ကျေးလက်ဒေသများတွင် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်လမ်း၊ တံတားများ၊ သောက်သုံးရေအတွက် သန့်စင်ရေရရှိရေး စိုက်ပျိုးရေးအတွက် ဆည်ရေသောက်ကျေးရွာများ  ရေရရှိရေး၊ ကျောင်းများ အဆင့်မြှင့်တင်ရေး၊  လျှပ်စစ်မီးလင်းရေး၊   မြို့သန့်ရှင်းသာယာလှပရေး စသည့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အသီးသီးဆွေးနွေးတင်ပြခဲ့ကြပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက စဉ့်ကိုင်မြို့နယ်   ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက်  ဆွေးနွေးအကြံပြုခဲ့ကြောင်း သိရသည်။


သတင်း - ဝင်းဝင်းသန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)