တွံတေးမြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်း၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုနှင့် မှုခင်းဆိုင်ရာ အသိပညာပေး ခြင်းနှင့် ကျောင်းကျန်းမာရေး ဟောပြောပွဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တွံတေးမြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်း၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုနှင့် မှုခင်းဆိုင်ရာ အသိပညာပေး ခြင်းနှင့် ကျောင်းကျန်းမာရေး ဟောပြောပွဲ

 



MNP - သြဂုတ်   ၁၁


ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုနှင့် မှုခင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် ကျောင်းကျန်းမာရေးဟောပြောပွဲကို ယမန်နေ့ နေလည်(၁)နာရီအချိန်က အဆိုပါ ကျောင်းပညာရတနာ ခန်းမ၌ ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။


အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်ခင်မြချိုက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ အမှတ်(၅၇)ယာဉ်ထိန်း ရဲတပ်ဖွဲ့စု မှူးရုံး(တွံတေး)မှ ရဲအုပ် ဇင်မင်းဦးက ပြောကြားရာတွင် ကျောင်းသား/သူများအနေဖြင့် ယာဉ်အန္တရာယ်မှ ကာကွယ်နိုင်ရန်၊ လမ်းလျှောက်သူများလိုက်နာရန် စည်းကမ်းချက်များကိုသိရှိ‌ စေရန်ရည်ရွယ်၍ ၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ်ကင်းရှင်းရေး မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ၊ လမ်းလျှောက်သူများ လိုက်နာရန်စည်းကမ်းချက်များဖြစ်သည့်  သက်ဆိုင်သည့် လမ်းညွှန်၊ လမ်းအမှတ်အသားများအတိုင်း လိုက်နာရန်၊ ကြီးကြပ် ထိန်းသိမ်းသည့် ယာဉ်ထိန်းရဲရှိလျှင် ၎င်း၏ညွှန်ပြချက် အတိုင်းလိုက်နာရန်၊ လူသွားစင်္ကြန် (သို့မဟုတ်) သတ်မှတ်ထားသည့်လမ်းရှိ လျှင်ထိုနေရာများ ပေါ်မှသွားရန်၊ လူသွားစင်္ကြန် မရှိလျှင်တတ်နိုင်သမျှ လမ်း၏ဝဲဘက်နံဘေးမှကပ်၍ ယာဉ်‌ကြောကိုမျက်နှာမူပြီး လျှောက်ရန်၊ စက်ဘီးစီးသည့်အခါ လက်ယာဘက်ကပ်စီးရပြီးရပ်သည့် အခါလမ်းမပိတ်ဆို့ရ၊ ရင်ဘောင်တန်းမလျှောက်ရ၊ လူကူးမျဉ်းကျား သတ်မှတ်ခွင့်ပြုထားသော နေရာများမှသာ လမ်းဖြတ်ကူးရန်၊ သတ်မှတ်ထားသည့် နေရာများမှဖြတ်ကူးလျှင် လက်ယာဘက်ခြမ်းမှ ဖြတ်ကူးရန်၊ အုပ်ထိန်းသူမပါဘဲ အသက်(၆)နှစ်အောက် ကလေးများအား လမ်းပေါ်သွားလာခြင်းမရှိစေရန် စသည့်ရှောင်ရန်အချက်များကို ကျောင်းသား/ကျောင်းသူများအား ပရိုဂျက်တာဖြင့်ရှင်းလင်းပြသ၍ အသိပညာပေးဟော‌ပြောခဲ့သည်။


ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဒေါ်ခင်စုစုလှိုင်က ကျောင်းသားလူငယ်များနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းကိုလည်းကောင်း၊ တွံတေးမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တွံတေးခရိုင်  ခရိုင်ရဲတပ်ဖွဲ့ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်နိုင်ဝင်းက ကျောင်းသားလူငယ်များ လိုက်နာရမည့်  ရာဇဝတ်မှုခင်း ဆိုင်ရာများ၊ လူကုန်ကူးမှုဆိုင်ရာများကိုလည်းကောင်း၊ ကျောင်းကျန်းမာရေး အသိပညာဟောပြောပွဲတွင် ကျောင်းကျန်းမာရေးဆရာဝန် ဒေါက်တာ မိုးမိုးစံက မူးယစ်ဆေးဝါးအန္တရာယ်ကြောင့် ဖြစ်တတ်သော ကျန်းမာရေးနှင့်ပတ်သတ်သည့် ဆိုးကျိုးများအကြောင်းကိုလည်းကောင်း ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောခဲ့ပြီး KG ကျောင်းသား၊ ကျောင်းသူများအတွက် သွားတိုက်ဆေးများလှူဒါန်းရာ တာဝန်ခံ ကျောင်းအုပ်ဆရာမကြီး ဒေါ်နုနုရီက လက်ခံရယူခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များမေးမြန်းရာ တာဝန်ရှိသူအသီးသီးက ပြန်လည်ဖြေကြား ပေးခဲ့သည်။ ထို့နောက် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှ တာဝန်ခံ ကျောင်းအုပ်ဆရာမကြီး ဒေါ်နုနုရီက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။


အဆိုပါ ဟော‌ပြောပွဲသို့ တွံတေးခရိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယခရိုင်ရဲမှူး အောင်နိုင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် (၁) ဗိုလ်မှူးဇာနည်မောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၃၀၀)ဦးခန့် တက်ရောက်ခဲ့ပြီး အခြေခံပညာကျောင်းများ သို့လည်းဆက်လက်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် အသိပညာဟောပြောပွဲများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။


သတင်း - တွံတေးသား


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)