MNP - ဩဂုတ် ၁၀
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အိမ်တွင်းဝါယာရိန်းသင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းအောင်မှ အဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသိန်းမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဝါယာရိန်း သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းဆွေးနွေးပြီး သင်တန်းနည်းပြလက် ထောက်မန်နေဂျာ ဦးမျိုးမင်းကျော်က ဝါယာရိန်းသင်တန်းနှင့် ပတ်သက်၍ သင်တန်းပို့ချမည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ သင်တန်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးညိုအေး၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်၊ ကျေးရွာများမှ သင်တန်းသား (၁၂) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဩဂုတ်လ (၉) ရက်နေ့မှစ၍ (၁၈) ရက်နေ့အထိ (၁၀) ရက်ကြာ စာတွေ့လက်တွေ့သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်းကို မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
သတင်း - သန်းအောင်ဇော်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment