ဖျာပုံမြို့နယ်၌ ခိုးဝင်ဘင်္ဂါလီ ၆၅ ဦးနှင့် ပို့ဆောင်ပေးသူ အမျိုးသား ၄ ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး လမ်းခရီးတွင် ရာသီဥတုဆိုးရွားမှုနှင့် အစာရေစာပြတ်လတ်မှုကြောင့် ကျန်းမာရေးအခြေအနေဆိုးရွားသူ ခိုးဝင်ဘင်္ဂါလီ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၄ တို့ ဆေးကုသမှု ခံယူနေစဉ် သေဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖျာပုံမြို့နယ်၌ ခိုးဝင်ဘင်္ဂါလီ ၆၅ ဦးနှင့် ပို့ဆောင်ပေးသူ အမျိုးသား ၄ ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး လမ်းခရီးတွင် ရာသီဥတုဆိုးရွားမှုနှင့် အစာရေစာပြတ်လတ်မှုကြောင့် ကျန်းမာရေးအခြေအနေဆိုးရွားသူ ခိုးဝင်ဘင်္ဂါလီ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၄ တို့ ဆေးကုသမှု ခံယူနေစဉ် သေဆုံး


MNP ၊ ဩဂုတ် ၃၁

၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၉ ရက် ည ၁၀ နာရီခွဲခန့်တွင် ဖျာပုံမြို့နယ်၊ ဂယက်ကြီးကျွန်း (ခ)ခတ္တာကျွန်းအနီး၌ ခိုးဝင်ဘင်္ဂါလီများ တင်ဆောင်လာသည့် ရေယာဉ် ၁ စီး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ကဒုံကလေးကျွန်းနှင့် ဂယက်ကြီးကျွန်း(ခ)ခတ္တာကျွန်းကြားတွင် အလျား ၃၈ ပေ၊ ဗျက် ၁၀ ပေရှိသော ငါးဖမ်းစက်လှေ ၁ စီးအား ကျော်ဇောလင်း(၃၇)နှစ် (ဘ) ဦးကျော်ဝင်း၊ စက်လှေမောင်း၊ ကွင်းဝိုင်းကျေးရွာ သံတွဲမြို့နယ်၊ မျိုးချစ်ဦး(၁၈)နှစ် (ဘ)ဦးမြတ်ဝိုင်း၊ လှေလုပ်သား၊ လိပ်ကျောက်ရကျေးရွာ၊ မင်းပြားမြို့နယ်၊ သန်းဝင်း(၃၅)နှစ် (ဘ)ဦးကျော်အေး၊ လှေလုပ်သား၊ ပေါက်တောမြို့နှင့် မြင့်ရွှေ (၅၂)နှစ် (ဘ)ဦးစံသိန်း၊ လှေလုပ်သား၊ သစ်ပုတ်တောင်ကျေးရွာ၊ ရမ်းဗြဲမြို့နယ်နေသူတို့ ၄ ဦးနှင့်အတူ ခိုးဝင်ဘင်္ဂါလီ အမျိုးသား ၃၆ ဦး၊ အမျိုးသမီး ၂၉ ဦး၊ စုစုပေါင်း ၆၅ ဦးတို့အား ဖမ်းဆီးရမိခဲ့သည်။


ဖမ်းဆီးရမိသည့် စက်လှေမောင်းဖြစ်သူ ကျော်ဇောလင်းအား စစ်မေးရာ ၎င်းသည် စစ်တွေမြို့နေ ဦးစီမန်(စိစစ်ဆဲ)နှင့် ချိတ်ဆက်ပြီး ယခုသယ်ဆောင်လာသူ ဘင်္ဂါလီလူမျိုး ၆၅ ဦးတို့အား စစ်တွေမြို့မှ ပုသိမ်မြို့၊ ငွေသောင်ယံကမ်းခြေသို့ စက်လှေဖြင့် ပို့ဆောင်ရန် ငွေကျပ် ၂၀၀ သိန်းဖြင့် သဘောတူပြီး စရံငွေစက်လှေ ငှားရမ်းခ ၂၅ သိန်းအား ဦးစီမန်မှ ပေးခဲ့ကြောင်း၊ ဩဂုတ်လ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် စစ်တွေမြို့မဈေးဆိပ်ကမ်း၌ ဘင်္ဂါလီလူမျိုး ၆၅ ဦးတို့အား သယ်ဆောင်ကာ စစ်တွေမှ ပင်လယ်ပြင်အတိုင်း ကျောက်ဖြူ-မန်အောင်-ငပလီ-သံတွဲတို့ကို ဖြတ်သန်းမောင်းနှင်ပြီး ရွှေသောင်ယံအနီး ပင်လယ်ပြင်တွင် ကျောက်ချရပ်နားခဲ့ကြောင်း၊ ဩဂုတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ဦးစီမန်မှ ဖုန်းဆက်ကာ ရွှေသောင်ယံတွင် ကမ်းကပ်၍မရကြောင်း GPS ဖြင့် ပွိုင့် ၇ ပွိုင့်ပေးပြီး မောင်းနှင်ခိုင်းသဖြင့် မောင်းနှင်ခဲ့ရာ ဩဂုတ်လ ၂၆ ရက်နေ့ ည ၁၀ နာရီအချိန်တွင် ကဒုံကနိကျွန်းသာယာအနီး ပင်လယ်ပြင်တွင် ကျောက်ချရပ်နားပြီး ဦးစီမန် စေလွှတ်သည့်အဖွဲ့အား စောင့်ဆိုင်းနေစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။


ဆက်လက်၍ သယ်ယူပို့ဆောင်ပေးသူ ၄ ဦးနှင့် ခိုးဝင်ဘင်္ဂါလီ ၆၅ ဦးတို့အား ဥပဒေနှင့်အညီ စစ်ဆေးအရေးယူနိုင်ရေး ခေတ္တထိန်းသိမ်းထားရှိစဉ် ခိုးဝင်ဘင်္ဂါလီ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၈ ဦးတို့သည် ၎င်းတို့ ခိုးဝင်လာသည့် လမ်းခရီးတွင် ရာသီဥတုဆိုးရွားမှုနှင့် အစာရေစာ ပြတ်လတ်မှုတို့ကြောင့် ကျန်းမာရေး အခြေအနေဆိုးရွားနေသဖြင့် လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့သော်လည်း အမျိုးသား ၃ ဦး၊ အမျိုးသမီး ၄ ဦး တို့မှာသေဆုံးသွားခဲ့ပြီး ကျန်ရှိသူ ၆ ဦးအား ဆက်လက်ဆေးဝါးကုသပေးလျက်ရှိသည်။


ဖမ်းဆီးရမိသည့် ခိုးဝင်ဘင်္ဂါလီများနှင့် သယ်ယူပို့ဆောင်ပေးသူ ကျော်ဇောလင်းပါ ၄ ဦးတို့အား ဘိုကလေးမြို့မရဲစခန်း၌ ထိန်းသိမ်းထားရှိပြီး ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)