MNP - ဩဂုတ် ၂၉
ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊ မြေပုံမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတုတ္ထအကြိမ် ထိုးနှံခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင် လမ်းညွှန်မှုဖြင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဦးသန်းထွန်း ဦးဆောင်သော ကျန်းမာရေး ဝန်ထမ်းများမှ မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးသတ်မှတ် ညွှန်ကြားချက်များနှင့်အညီ ဌာနဆိုင်ရာဝန်ထမ်းများအား ဆေးထိုးရန် သတ်မှတ် စည်းကမ်းများအတိုင်းစိစစ်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတုတ္ထအကြိမ် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
သတင်း - တင်ဝင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment