မြောက်ဥက္ကလာပ အထက (၄) တွင် ကျောင်းသားချင်းရန်ဖြစ်ရာမှ ကတ်ကြေးဖြင့်ထိုးမှုဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဥက္ကလာပ အထက (၄) တွင် ကျောင်းသားချင်းရန်ဖြစ်ရာမှ ကတ်ကြေးဖြင့်ထိုးမှုဖြစ်


MNP ၊ သြဂုတ် ၉

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (၂) ရပ်ကွက်ရှိ အထက (၄) တွင် ဩဂုတ်လ ၉ ရက် နေ့လယ် ၁၂ နာရီ၌ ကျောင်းသားချင်း ခိုက်ရန်ဖြစ်ပွားရာမှကတ်ကြေးဖြင့်ထိုးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


Grade-9 ကျောင်းသားနှစ်ဦး ကျောင်းမုန့်စားတန်းတွင် ခိုက်ရန်ဖြစ်ပွားစဉ် တစ်ဦးက အသင့်ပါလာသော အရှည် ၇ လက်မကတ်ကြေးဖြင့်ထိုးသဖြင့် အထိုးခံရသူကျောင်းသားမှာ ကျောကုန်းတွင် ထိုးသွင်းဒဏ်ရာလေးချက်၊ နောက်စေ့ပြတ်ရှဒဏ်ရာတစ်ချက်ရပြီး ဆေးရုံသိုပိုဆောင်ခဲ့ရသည်။


ကတ်ကြေးဖြင့်ထိုးသည့် ကျောင်းသားကို အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)